နာနာဘာဝတွေနဲ့ပတ်သက်ပြီး ဖြစ်တတ်တဲ့ထူးဆန်းမှုတွေကို ယုံကြည်တဲ့သူရှိသလို မယုံကြည်တဲ့သူတွေလည်း ရှိပါလိမ့်မယ်၊ ခေတ်နဲ့အညီပြောင်းလဲတိုးတက်နေတဲ့ခေတ်ကြီးမှာ ပရလောကဆိုင်ရာ နာနာဘာဝတွေနဲ့ဆက်သွယ်ဖို့ နည်းစနစ်တွေလည်း ပေါလာတာနဲ့အမျှ ထူးထူးဆန်းဆန်းသရဲခေါ်နည်းတွေလည်း သုံးလာကြတဲ့ခေတ်ကြီးမှာ Horror ဝတ်ထုတွေရေးတဲ့ စာရေးစရာတွေလည်းရှိသေး..
အားလုံးသိကြတဲ့ Off jumpol ဆိုတဲ့စာရေးဆရာလေးကတော့ Horror Fiction တွေနဲ့နာမည်ကြီးပြီး ကလောင်နာမည်ဖြစ်တဲ့ Tumciall ဟုသာ လူသိများသည်။ ထိုစာရေးစရာလေးကို ဇာတိမြို့ Wangwian Yai မှာမွေးဖွားပြီး အလုပ်ကိစ်စကြောင့် Bangkok မှာသာသူငယ်ချင်းတွေနဲ့အတူနေဖြစ်သည်။ ရုပ်လည်းရှိ ပိုက်ဆံလည်းရှိတဲ့သူလေးမို့ အမျိုးသားတော်ချင်သူမိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေမှာ အသေချာပင်...
သူငယ်ချင်းတွေဖြစ်ကြတဲ့ Arm wc နဲ့ Tay tawan တို့ကလည်း စာရေးဆရာများသာဖြစ်သည်၊ Arm wc မှာ အချစ်ဇာတ်လမ်းတွေ ဖန်တီးရေးသားသူအဖြစ်နာမည်ကြီးပြီး Tay tawan ကတော့ ပေါ့ပေါ့ပါးပါး ကဗျာတိုလေးတွေရေးရာမှာ အလွန်တော်တဲ့သူဖြစ်သည်။ Off ဘာပဲတောင်းဆိုဆို အကုန်လိုက်လျောတတ်တဲ့ သူငယ်ချင်းတွေမို့ နှစ်တော်တော်ကြာအောင်ပေါင်းဖြစ်ခဲ့သည်။
Offjumpol မှာ Horror Fiction တစ်ပုဒ်ရေးရန် Mood မဝင်ဖြစ်ပြီး အခက်အခဲဖြစ်နေတာနဲ့ ကိုယ်တိုင်ကုန်ကြမ်းရှာမယ်ဆိုပြီး သူငယ်ချင်းတွေနဲ့တိုင်ပင်ဖြစ်ခဲ့သည်၊ ကံကောင်းတယ်ပြောရမလား ကံဆိုးတယ်ပဲပြောရမလား အဲဒီညက Youtube ကြည့်ရင်း မထင်မှတ်ပဲ Youtube Channel တစ်ခုကနေ သရဲခြောက်တဲ့နေရာတွေကို ဖော်ပြထားတဲ့ Video ကိုတွေ့ခဲ့ရသည်။ Ayutthaya Historical Park အကြောင်းရယ် ချင်းမိုင်မြို့က Jangmuarinnakorn House အဆောက်အအုံအကြောင်းရယ် PhangNga ပြည်နယ်ရှိ Khao Lak ဆိုတဲ့မြို့လေးအကြောင်းရယ် Chon Buri က စိတ်ခြောက်ခြားစရာကောင်းတဲ့ အိမ်ကြီးအကြောင်းရယ် ၄ခု ယှဥ်ပြီးဖော်ပြထားတဲ့ထဲကမှ Chon buri က စိတ်ခြောက်ခြားစရာကောင်းတဲ့ အိမ်အကြောင်းကို ပိုပြီးစိတ်ဝင်စားသွားမိသည်မို့ သူငယ်ချင်းနှစ်ယောက်ကို အတင်းအားဓမခေါ်ပြီး ချွန်ဘူရီ မြို့အပြင်မှာတည်ရှိတဲ့ အဲဒီအိမ်ကြီးကို ကုန်ကြမ်းရှာခရီးထွက်ခဲ့ကြသည်၊ Offjumpol ဆုံးဖြတ်ထားသည်မှာ အခုရေးနေဆဲ ဝတ်ထုတစ်ပုဒ်ကို အဲဒီအိမ်မှာနေတဲ့အတောအတွင်း အဆုံးသတ်မည်ဟု ပင်ဖြစ်တော့သည်။
YOU ARE READING
မင်းနဲ့ဆုံတွေ့ ညလေးတစ်ညဝယ် (Completed)
Fanfictionoffgun fanficလေးပါ💚 အားပေးကြပါအုံးရှင့်🤗