နံနက်ခင်းနေရောင်ခြည်က အိမ်ခေါင်မိုးပေါ် တဖန်ကျရောက်လာပြန်သည့်အခါ ပြတင်းပေါက်ကနေတဆင့် ကျရောက်လာတဲ့ နေရောင်ကြောင့် မျက်နာကိုလက်ခုံဖြင့်ခပ်ဖွဖွပွတ်သပ်ရင်း နိုးလာသူမှာ Tay ပင်ဖြစ်သည်။ ရေသန့်ဘူးနဲ့ မျက်နာသစ်ပြီး အပြင်လျှောက်ကြည့်တော့ ကားပေါ်သို့ ပစ်စည်းတွေ တင်နေတဲ့ Arm ကိုတွေ့လိုက်သည်။
"အောင်းဝ်! မင်းက ပစ်စည်းတွေတောင် သိမ်းပြီးသွားပြီလား
"အင်း။ ငါမင်းတို့ ပစ်စည်းတွေပါ အကုန်သိမ်းပြီးသွားပြီ ပြန်ဖို့အဆင်သင့်ပဲ... jum မနိုးသေးဘူးလား tay
"မနိုးသေးဘူး သူအိပ်နေတုန်းပဲ.. ငါသွားနှိုးလိုက်ရမလား
"နေပါစေ မနှိုးနဲ့အုံး သူအိပ်ရေးဝအောင် အရင်ပေးအိပ်လိုက် ငါတို့နေ့လည်မှပြန်လည်း ရတာပဲ
"အေးပါ
"Tay! ငါ ကော်ဖီဖျော်ထားပေးတယ် သောက်လိုက်အုံး၊ ငါတို့မီးဖိုတဲ့နေရာက သစ်တုံးပေါ်မှာတင်ထားတယ် ပြီးတော့ အဲမှာ jum ရေးနေတဲ့ဝတ်ထုစာအုပ် ငါဖတ်ပြီးတင်ထားတယ် မင်းဖတ်ကြည့်လိုက်အုံး...
"အာ... အင်း
Tay လည်း ထိုနေရာသို့လျှောက်သွားကာ ကော်ဖီခွက်ကို ကောက်ယူပြီး သစ်တုံးပေါ်တွင်ထိုင်ကာ ကော်ဖီတစ်ငုံလောက်သောက်ပြီး စာအုပ်ကိုဖွင့်ဖတ်နေလိုက်သည်။
ဇာတ်လမ်းရဲ့အစပိုင်းမှာရေးထားတာကတော့ သာမာန်စာရေးဆရာလေးတစ်ယောက်အကြောင်းတွေပဲ ရေးထားတာပါ ဘာမှထူးထူးဆန်းဆန်းမတွေ့ရဘူး အလယ်လောက်ရောက်တော့ အဲဒီစာရေးဆရာလေးနဲ့သူငယ်ချင်းတစ်စုက စိတ်ခြောက်ခြားစရာကောင်းတဲ့ အိမ်ကြီးတစ်အိမ်ကိုသွားနေကြတဲ့အကြောင်း နောက်ပြီး အဲဒီအိမ်မှာ မထင်မှတ်ပဲတွေ့တဲ့ တစ်စုံတစ်ယောက်ကို မေတ်တာရှိနေပြီမို့ ချစ်သူနဲ့နေရဖို့ဆို အသက်ပါပေးဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း...
"ချီးယား!
ဇာတ်သိမ်းကတော့ အဲဒီစာရေးဆရာလေးနဲ့ အဲဒီအိမ်ကြီးမှာပဲ တွေ့ခဲ့ရတဲ့ သူ့ရဲ့ချစ်သူကောင်လေးနဲ့ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်နေခဲ့တော့သည် တဲ့လေ...
YOU ARE READING
မင်းနဲ့ဆုံတွေ့ ညလေးတစ်ညဝယ် (Completed)
Fanfictionoffgun fanficလေးပါ💚 အားပေးကြပါအုံးရှင့်🤗