Day 2

6 2 0
                                    

မနက်ခင်း နေရောင်ခြည်ရဲ့အလင်းက မြက်ခင်းဝါဝါလေးတွေနဲ့ အိမ်ခေါင်မိုးပေါ် တဖန်ကျရောက်လာခဲ့ပြန်သည်လေ ညကတစ်ညလုံး မအိပ်ရသေးတဲ့တစ်ယောက်သောသူကတော့ မိုးစင်စင်လင်းမှ မှေးခနဲအိပ်ပျော်သွားသည်။ Arm wc လည်း မနက်စာနဲ့ နေ့လည်စာအတွက် ပြင်ဆင်နေရသည် Tay tawan ဆိုသူကတော့...

"မင်း မှေးစက်ပါ ကိုယ့်ရဲ့ရင်ခွင်ကမ်ဘာ.. အဲ ကောင်းသား

ဟု ဆိုရင်း စာရွက်ပေါ်ချရေးလိုက်သည်။

"ချစ်သူအတွက်ဆို ကိုယ့်ရင်ခွင်က အမြဲတမ်းတံခါးဖွင့်ပြီးသားပါ.... ဒါလည်း ကောင်းတာပဲ

ထိုစာသားကိုလည်း တဖန်စာရွက်ပေါ် ချရေးလိုက်ပြန်သည်။

"မင်းသာဆန်ဒရှိရင် ဟိုး..ကောင်းကင်မှာပျံသန်းနေတဲ့ ငှက်ကလေးတွေကိုပဲ ဖမ်းပြီးအတောင်ချိုးပေးရမလား...

"ဟား..ဟား...ဟား... မင်းဟာလေ အရုတ်တမာကောင်ပဲ မိန်းမတစ်ယောက်အတွက်နဲ့ သူ့ဟာသူပျံနေတဲ့ ငှက်ကလေးတွေကိုတောင် အတောင်ချိုးအုံးမယ်တဲ့ ဟ ဟား.. ဟား!!!!!

သူ့ကိုလှောင်ပြောင်ကာ အားပါးတရ ရယ်နေသော Arm အား အနားရှိတဲ့စာအုပ်နဲ့သာ ကောက်ပေါက်ရင်း...

"မင်း ငါ့ Mood ကိုသက်သက်လာဖျက်နေတာပဲ ငါ့ဟာငါ ငှက်အတောင်ချိုးတာ မင်းဟာလာချိုးနေလို့လား ပြော!

"အေးပါ! ငါက မင်းအတောင်ချိုးမဲ့ငှက်ကလေးတွေကို သနားလို့ပါကွ ဟဟ

"ခွေးကောင် Wc၊ မင်းသေလိုက်တော့

Arm အား ကြိမ်းမောင်းရင်း ပြင်အပိုင်းတစ်ကိုကောက်လိုက်ပြီး အိမ်ကိုပတ်ပြေးနေသူအား Tay လည်း အနောက်ကပတ်လိုက်ရင်း လိုက်ရိုက်နေတော့သည်။ ဆူညံသံကြောင့် Off နိုးလာပြီး အပြင်ထွက်ကြည့်တော့ ပြေးတဲ့သူကပြေး လိုက်ရိုက်တဲ့သူကရိုက်နဲ့ ကလေးတွေပမာ ဆော့နေကြတဲ့ သူငယ်ချင်းနှစ်ယောက်အားကြည့်ကာ ပြုံးရင်းခေါင်းသာခါမိတော့သည်။

"ဒီကောင်တွေ တကယ့်ကလေးတွေပဲ

"A'Arm! မင်း မိလို့ကတော့ အသေပဲနော် ငါ့ဆီမှာအမိမခံမိစေနဲ့..

"ငါက မင်းဆီမှာအမိခံရအောင် အရူးမှမဟုတ်တာ Haha!

"အေး မင်း လာခဲ့လိုက်ဒီကို မင်းခေါင်းကိုမြေကြီးထဲဝင်တဲ့အထိ ထုပစ်မယ်..

မင်းနဲ့ဆုံတွေ့ ညလေးတစ်ညဝယ် (Completed)Where stories live. Discover now