5 U/Z

791 14 0
                                    

Uni

🍀မုန်းမရအောင် ချစ်ရသူ🍀

🍀အပိုင်း ၅🍀
"မြထွေး သဘက်ခါ ပုန်းမကြည်နတ် ပူဇော်မှာနော်၊ ကျုပ် မနက်ဖြန်မြို့စျေးသွားမလို့ ညည်း ဘာမှာဦးမလဲ"

"အထွေအထူးတော့ မမှာတော့ပါဘူး ထွေးလှရယ် ၊ ဆီ ၂ ပိသာလောက်ဝယ်ခဲ့ပေးနော်၊ ညနေ အဒွေးသိန်းလှ အိမ်မှာ မုန့်နှစ်သွားကြိတ်ဦးမှ မနက်ဖြန် အတွက်"

"ကျုပ်လဲ ကြိတ်မယ်အေ၊ ဒါနဲ့ ကိုရင်ငြိမ်းမောင်က မြို့မပြန်တော့ဘူးတဲ့ အေ၊ အရီးဦးဘမောင် ယာကို ဝယ်ပြီး ရွာထဲမှာ အိမ်ဝိုင်းဝယ်မယ်ပြောသံကြားတယ်"

ထွေးလှ စကားကြောင့်  မြထွေး မချိပြုံးပြုံးလိုက်ပြီး

"အဲ့ဒါ သူ အလုပ် ကျုပ်နဲ့ မဆိုင်ဘူးလေ"

မြထွေး၏ အေးစက်စက် ပြတ်သားသော စကားသံကြောင့်  ထွေးလှ မြထွေးကို သေချာစူးစိုက်ကြည့်ပြီး

"မြထွေး"

"ဟင်"

"ညည်း ငြိမ်းချမ်းဟာ ကိုရင်ငြိမ်းမောင် သားဆိုတာ ပြောဖို့ အချိန်တန်ပြီထင်တယ်"

ထွေးလှ စကားကြောင့် လက်ထဲ ဆုတ်ကိုင်ထားသော မြေပဲ ပင်လေးကို အဓိပ္ပါယ်မဲ့ ငေးကြည့်ရင်း

"မပြောဘူး ၊ ဘယ်တော့မှ၊ ဘာလို့လဲ သိလား ထွေးလှ၊ အခုချိန်မှာ မှ သားကို သူ သားပါလို့ သွားပြောရင် သူက ယုံမှာလား"

မြထွေး မျက်နှာကို မဲ့လိုက်ပြီး

"ယုံမှာမဟုတ်ဘူး၊ သူရဲ့ ချမ်းသာကြွယ်ဝမှုကို မက်မောလို့ ဆိုပြီး ကျုပ်ကို ဘယ်လောက်နှိပ်ကွပ်မလဲ စဥ်းစားပေါ့အေ"

စကားအဆုံးတွင် လုပ်လက်စ အလုပ်ကို မြထွေး ဆက်လုပ်နေမိလေသည်။

သားတစ်ယောက်ကို ဒီအရွယ်အထိ ရင်ခွင်ပိုက်ခဲ့ပြီးမှ  အဖေ ဆိုသော သူက လုယူသွားမှာကိုပင် သူမ စိုးရိမ်မိပြန်ပါသည်။

ထိုကြောင့် ငြိမ်းမောင်ကို သူမ ဘယ်သော အခါမှ ဖွင့်ပြောမည် မဟုတ်ပေ။
                      🍀🍀🍀

ညနေ မိုးချုပ်ချိန်အထိ ငြိမ်းချမ်း အိမ်ပြန်မရောက်လာခဲ့ပေ။

မုန်းမရအောင်ချစ်ရသူWhere stories live. Discover now