Uni
🍀မုန်းမရအောင်ချစ်ရသူ🍀
🍀အပိုင်း ၁၆(ဇာတ်သိမ်း)🍀
ဒီနေ့က ငြိမ်းမောင် နှင့် မြထွေး တရားဝင် လက်ထပ်သည့် နေ့လေးပင်။ မြထွေး စိတ်တွေ မည်မျှပင် မာကျောပါသည် ဆိုပါစေ။ ငြိမ်းမောင် အပေါ်တွင် သူမ မည်မျှပင် မုန်းပါသည် ဆိုပါစေ။ သူမ ကိုယ်တိုင်က ထိုလူသားအပေါ်တွင် မုန်းမရအောင် ချစ်ခဲ့မိသည့် မဟုတ်ပါလား။
ငြိမ်းမောင် တစ်ယောက် လွှဲမှားခဲ့သော အဖြစ်အပျက်များစွာကို ကျော်လွှားကာ ချစ်ရဆုံးသူကို ပိုင်ဆိုင်ခွင့် ရပြီမို့ သူအပြစ်တွေအားလုံး သူမ အနားတွင်နေပြီး ပေးဆပ်ရန် အသင့်ဖြစ်နေလေတော့သည်။
သားတော်မောင်ကတော့ မိဘနှစ်ပါး လက်ထပ်လိုက်သည့် အပေါ် ချိုသည် ခါးသည် ဝေဖန်ခြင်း မရှိလေဘဲ သူပျော်နေလေသည်။
တိတ်ဆိတ်လှသည့် ညချမ်းအလယ်မှာ ငြိမ်းမောင် ချစ်ရသူကို ရင်ခွင်ထဲပွေ့ပြီး
"မောင်ကို အတော်မုန်းနေခဲ့တာလားဟင်"
တိုးတိတ်စွာမေးလာလေသော သူ စကားသံကြောင့် မြထွေးပြုံးလိုက်ပြီး
"ရှင်ကို ကျွန်မက မုန်းလို့မရအောင် ချစ်ခဲ့ရတာဆိုရင် ရှင်ယုံမှာလား"
မွတ်သိပ်လှသော အနမ်းတွေက ချစ်ဇနီး မျက်နှာထက် ပွတ်တိုက်နမ်းရှိုက်ပြီး
"ကျေးဇူးတင်ပါတယ် ၊ မောင်ကို မင်း ချစ်နေပေးခဲ့လို့"
"မောင်ကို မြထွေးချစ်ခဲ့တာ ဘဝနဲ့ ရင်းပြီး ချစ်ခဲ့တာပါ မောင်ရယ်"
ကြည်နူးရင်ခုန်စရာ အချစ်တွေနှင့် ပြည့်နှက်နေသော ညချမ်းလေးက ရင်ခုန်လှိုက်မောမှုတွေ အပြည့်ပင်။ အထင်လွှဲမှု များစွာကို ဖြတ်ကျော်ပြီး ဒီနေ့လို အချိန်ကို ရောက်လာခဲ့ဖို့ သူတို့ နှစ်ဦးရဲ့ နှလုံးသားတွေ စတေးခဲ့ကြရသည် မဟုတ်ပါလား။
🍀🍀🍀ငြိမ်းမောင်နှင့် မြထွေး လက်ထပ်ပြီးကတည်းက တေး နှင့် ငြိမ်းချမ်းလဲ ဟိုအရင်ကထက် ပိုမိုရင်းနှီးလာခဲ့ကြလေသည်။ တေး ၏ စိတ်ရင်းကောင်းဟန်လေးနှင့် ချစ်စရာ ကလေးဆန်မှုတွေ အပေါ် ငြိမ်းချမ်း မသိမသာ ခင်တွယ်တက်လာခဲ့လေပြီ။ ဟိုအရင်လို တွယ်တာပျိုး နှင့်လည်း အရောတဝင် သိပ်မနေတော့ဘဲ ခပ်ခွာခွာသာ နေထိုင်ခဲ့လေတော့သည်။
YOU ARE READING
မုန်းမရအောင်ချစ်ရသူ
Romanceအချစ်ကြီးချစ်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် အထင်လွဲဝေးကွာသွားတဲ့ ချစ်သူနှစ်ဦး