uni
🍀မုန်းမရအောင်ချစ်ရသူ🍀
🍀အပိုင်း ၁၄🍀
တေး ကျောင်း နားရက်မို့ သမီးအလိမ္မာလေး လုပ်ကာ စျေးဝယ်ထွက်ခဲ့လေသည်။ တေး တို့ သားမိနှစ်ယောက်ရဲ့ အမေ တစ်ခု သမီးတစ်ခု ဘဝက သိပ်တော့ အဆင်မပြေလှပေ။ အမှန်တော့ တေးက မာမီအား နွှဲ့ဆိုး ဆိုးနေခြင်းသာ ဖြစ်သည်။
တေး ဆိုးနွှဲ့သမျှကို အလိုလိုက်အကြိုက်ဆောင်ပေးသော မာမီကိုလည်း တေး လွန်စွာအချစ်ပိုရလေသည်။
တေး လိုအပ်သည့်များကို စျေးမှ ဝယ်ခြမ်းကာ ကားထဲသို့ ပစ္စည်းများ တင်နေစဥ်
"အား"
"ဟာ အန်တီ"
တေး ၏ ကားအနီးတွင် မူးဝေပစ်လှဲမည် ဖြစ်သွားသော အန်တီအား သူမကပျာကယာလှမ်းထိန်းလိုက်တော့
"ကျေး ကျေးဇူးတင်ပါတယ် သမီးရယ်၊ အဒေါ်ခေါင်းနည်းနည်း မူးသွားတယ်"
မြထွေး သူမအား လဲမကျသွားအောင် ကူတွဲပေးသော သားအရွယ် ကလေးမလေးအား ကျေးဇူးတင်စကားပြောမိလေသည်။
တေး အား ကျေးဇူးတင်စကားတွေ အတွင်တွင်ပြောနေသော အန်တီကြီးအား ပြုံး၍ကြည့်လိုက်ပြီး
"အန်တီ ဘယ်ကို ပြန်မှာလဲဟင်၊ တေး ပြန်လိုက်ပို့မယ်လေ"
"နေပါစေ သမီးရယ် ၊ ဒေါ်ဒေါ် ခဏနားလိုက်ရင် သက်သာသွားမှာပါ"
"ဘယ်ဟုတ်မလဲ အန်တီရယ် ၊ သမီးလိုက်ပို့ပါမယ်၊ လာပါ အန်တီ၊ သမီးမှာ ကားပါတယ်၊ ကားနဲ့ လိုက်ပို့မယ်နော်"
ယဥ်ကျေးပျူငှါလှသော ချစ်စရာ ဟန်အမူအရာနှင့် ကလေးမလေးက ကလေးဆန်ပြီး ရိုးသားဖြူစင်သည့် ပုံရိပ်တွေ ထင်ပေါ်နေလျှက်။
"အေးပါ သမီးလေးရယ်၊ ကျေးဇူးတင်ပါတယ်"
တေး အန်တီကို ဖြေးညှင်းစွာ တွဲကာ ကားထဲသို့ ဝင်ထိုင်စေလေသည်။ ထိုနောက် ကားလေးအား မြထွေး လမ်းညွှန့်ရာအတိုင်း မောင်းထွက်ခဲ့သူက တေးပင်။
🍀🍀🍀အိမ်ရှေ့ ကားရပ်သည်နှင့် မြထွေးအား တေး ကားပေါ်မှ ကူတွဲကာအိမ်ထဲသို့ ဝင်ခဲ့လေသည်။
YOU ARE READING
မုန်းမရအောင်ချစ်ရသူ
Romanceအချစ်ကြီးချစ်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် အထင်လွဲဝေးကွာသွားတဲ့ ချစ်သူနှစ်ဦး