Unicode:
( သာမန်လူတစ်ယောက်အနေနဲ့ ဘာတွေမှားနေလဲ? )
"တီ တီ"
အိပ်ယာဘေးနားမှ နှိုးစက်နာရီက သုံးစက္ကန့်တစ်ကြိမ်အချက်ပေးသံကြားလိုက်ရပြီးနောက် ရပ်တန့်ခြင်းခံလိုက်ရသည်။
ယခင်နေ့များလိုပင် ရှန်ဂျီ နိုးလာခဲ့သည်။ အိပ်ယာသိမ်းသည်။ မနက်စာအတွက် နွားနို့နှင့်ပေါင်မုန့်ကို ရေခဲသေတ္တာထဲကထုတ်ကာ အေးအေးဆေးဆေးစားနေခဲ့သည်။
7 နာရီခွဲအရောက်တွင် သုတေသနအဖွဲ့အစည်း၏ ခပ်သေးသေးရုံးခန်းထဲ၌ ထိုင်နေခဲ့ပြီး ယနေ့အတွက်တွေ့ဆုံရန် ချိန်းဆိုထားသော စွမ်းအင်လူသားတစ်ယောက်နှင့် စတင်ဆွေးနွေးရပေပြီ။"ဒီလို ဖိနှိပ်ကိရိယာဒီဇိုင်းမျိုးဆိုရင်ရော သဘောကျရဲ့လား?"
ရှေ့မှာထိုင်နေသော အမျိုးသမီးဆီသို့ ရှန်ဂျီက ခရမ်းရောင်ကျောက်ရိုင်းနားဆွဲတစ်စုံကို ပေးလိုက်သည်။
သူမ၏လက်ထဲမှ ခရမ်းရောင်နားဆွဲလေးအားခေတ္တမျှကြည့်ပြီးနောက် ကျေနပ်သွားဟန်ရှိသည်။
"ပါမောက္ခရှန်ရဲ့ ဖန်တီးမှုတွေကတော့ အမြဲကို ကောင်းနေတော့ပါပဲ။ ဒီလိုဒီဇိုင်းမျိုးကို ဒီလောက်မြန်မြန် ပြီးလိမ့်မယ်လို့မျှော်လင့်မထားမိဘူး "
ထိုအမျိုးသမီးသည် သူမ၏နားသို့ သူမကိုယ်တိုင်အပ်ဖြင့် ထိုးဖောက်လိုက်သည်မှာ မျက်ခုံးတစ်ချက်ပင်တွန့်မသွားပေ။ ချက်ချင်းပင် နားဆွဲအား သူမ၏ နားတွင် ဝတ်ဆင်လိုက်သည်။
" မင်းကြိုက်ရင် အဆင်ပြေပါတယ် "ရှန်ဂျီ ကပြုံးကာပြောလိုက်သည်။
အမျိးသမီးအားပေးပြီးနောက်တွင် ရှန်ဂျီက ကော်ဖီတစ်ခွက်မှာလိုက်ပြီး သူ့ထိုင်ခုံတွင်ပြန်ထိုင်လိုက်ပြီးနောက် ကွန်ပျူတာစခရင်ပေါ်တွင် ဒီဇိုင်းရေးဆွဲနေလိုက်သည်။
ရှန်ဂျီ ဒီကမ္ဘာတွင် ဖြတ်သန်းလာခဲ့သည်မှာ ယနေ့ဆိုလျှင် 7 နှစ်နှစ် တောင်ရှိခဲ့ပြီ။
C အဆင့်ပညာရှင်တစ်ယောက်အနေဖြင့် ဤအဖွဲ့စည်းတွင် ရှန်ဂျီ၏တာဝန်မှာ ဖိနှိပ်ရေးကိရိယာပစ္စည်းများ ရှာဖွေသုတေသန ပြုလုပ်ဖို့သာရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ့တွင် နည်းပညာပိုင်းနှင့် ပတ်သက်၍ တတ်ကျွမ်းမှု မရှိသောကြောင့်ပင်။သူ၏ အလုပ်မှာ ဖိနှိပ်ရေးကိရိယာပစ္စည်းများ၏ အပြင်ပိုင်းဒီဇိုင်းကို စွမ်းအင်ပိုင်ရှင်လူသားများ၏ တောင်းဆိုချက်များနှင့်အညီ ပြုလုပ်ပေးရခြင်းဖြစ်သည်။ ထိုသူများ ကိရိယာများဝတ်ဆင်သည့်အခါမျိုးတွင် ကူညီပေးရသည်။ အထူးတလည် အာရုံစိုက်ရသည်မျိုးမရှိလှသဖြင့် သူ၏အလုပ်ချိန်များမှာ အားလပ်ချိန်နှင့်ပင် တူသယောင်ယောင်ရှိလေသည်။
ထို့ကြောင့် ရှန်ဂျီသည် ဤအလုပ်ကို များစွာသဘောကျလေသည်။
YOU ARE READING
👑🍂ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး✨
AdventureGenres _ Bl , Transmigration , System , Powerful couple , Apocalypse , Special abilities