Chapter 2

81 14 2
                                    

Unicode:

ရှန်ဂျီသည် နွေးထွေးစွာပြုံးလိုက်သည်။

ဇန်လင် ပြန်လာမည့်အကြောင်းကို နေ့လည်ကပင် ကော်ဖီဆိုင်မှ ကြိုသိခဲ့သော်လည်း ဇန်လင့်ထံမှ အလည်ခရီးကနေ ပြန်လာတော့မည်ဟူသောစာရသောအခါ ပို၍ကျေနပ်သွားရသည်။

သူသည် စာတစ်ဆောင်ပို့လိုက်သည်။ “အိမ်ကနေ ကြိုဆိုပါတယ်၊ နေ့လည်စာရောစားပြီးပြီလား။”

ဇန်လင်ကလည်း စာပြန်ခဲ့သည်။ “ ဟင့်အင်း၊ မစားရသေးဘူး။”

ရှန်ဂျီ: “ညကျရင် သိုးသားစွပ်ပြုတ်သောက်ကြမလား။ ပြီးတော့ ကြက်သွန်မြိတ်နဲ့ရောထားတဲ့ ကြက်ဥမွှေကြော်ရောပဲ။ မင်းရော ဘယ်လိုသဘောရလဲ။”

ဇန်လင်ဘက်မှ မိနစ်ဝက်ခန့် တိတ်ဆိတ်နေပြီးမှ စာပြန်ခဲ့သည်။ “ ကောင်းပါပြီ။”

မိနစ်အနည်းငယ်ကြာသွားပြီးနောက် စာတစ်စောင်က တစ်ခြားဘက်မှ ဝင်လာခဲ့သည်။

“ ကိုယ် မင်းကို လွမ်းတယ် ....”

ရှန်ဂျီသည် ရေခွက်အသစ်ကိုယူကာ ရေတစ်ကျိုက်သောက်ချလိုက်သည်။ နီရဲသောနှုတ်ခမ်းပေါ်တွင် တင်ကျန်ခဲ့သော ရေစက်ကလေးများကို လျှာဖြင့်သပ်လိုက်၏။ ထို့နောက် သူ၏ရှည်သွယ်နူးညံ့လှသောလက်ကလေးများကို ဖုန်းမျက်နှာပြင်တွင်တင်တာ “ငါရော မင်းကိုလွမ်းတယ်...”

Systemရဲ့အသံသည် တိတ်ဆိတ်သွားရသည်။

ဖုန်းမျက်နှာပြင်ပေါ်ရှိ “စွမ်းရည်ရှိသော လက်တွဲဖော်” နှင့် “ချစ်စဖွယ်ကလေးလေး” တို့ကြားရှိ စကားဝိုင်းကို ကြည့်မိလိုက်ရာ system သည်သူ၏ အမှန်တကယ်မရှိသောမျက်နှာကိုပင် အေးစက်သော ခွေးစာများဖြင့်တရစပ်ထိုးနှက်နေသကဲ့သို့ ခံစားရကာ  နုနယ်သော နှလုံးသားကို ရက်စက်စွာ နင်းချေခံရသလိုရှိလေသည်။

System က "  ရှန်ဂျီရေ ချစ်စဖွယ်ကလေးလေး ဆိုတဲ့ နာမည်ပြောင်က မင်းကိုယ်တိုင်ပေးထားတာတော့မဟုတ်ဘူးမလား။”

မက်ဆေ့ချ် အက်ပ်(app)ရှိ မျက်နှာနီမြန်းကာရှက်ရွံနေသောကြောင်ပုံကို ကြည့်မိလိုက်ရာ systemမှာ လုံးဝတိတ်ဆိတ်သွားရတော့သည်။

👑🍂ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး✨Where stories live. Discover now