Unicode:
Chapter-3 မိမိတစ်ဦးပိုင်မြေသို့ ပြန်လည်အခြေချခြင်း
ထိတ်လန့်တုန်လှုပ်နေသော ခြေသံများနှင့်အတူ လူများသည် ကျောကုန်းကို မီးလောင်နေသော မျောက်အုပ်စုကဲ့သို့ ရှေ့ကိုဦးတည်ကာသာ အပြေးအလွှားသွားနေကြသည်။ သို့သော်လည်း ရွေ့လျားနေသော မြေအောက်ရထားတွဲမှာ အလုံပိတ်ဖြစ်၍ ထွက်ပြေးရန် နေရာမရှိချေ။
မကြာမီပင် ဥမင်အဆုံးမှ မြူမှုန်များသည် အရှိန်ပြင်းပြင်းဝင်ရောက်လာကာ ရထားတစ်ခုလုံးကို လွှမ်းခြုံသွားတော့ သည်။လူများသည် မြူခိုးတွေကြားထဲတွင် ပိတ်မိနေပြီး မည်သူ့ကိုမှ သဲသဲကွဲကွဲ မမြင်ရတော့ချေ။သို့သော် သူတို့၏ နှလုံးခုန်သံများကိုတော့ ကြားနေရပါသေးသည်။
system ၏အသံထွက်လာသည်။
မစ်ရှင်အသစ် - မြေအောက်ရထားလိုင်း 1 ရှိမြူမှုန်များကို ဖယ်ရှားရန်
မစ်ရှင်ဆုလာဘ်- လူသစ်ဆုလာဒ် ထုပ်ပိုးမှုအသစ်
ရှန်ဂျီက ထိုင်ခုံတွင်ထိုင်နေသည်မှာ လှုပ်ပင်မလှုပ်။ သူ့ဖုန်းရှိ တေးဂီတဂိမ်းက level6666တွင်ရပ်သွားသည်ကို ကြည့်ပြီး ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။sysetmသည် ပဟေဠိဖြစ်၍နေသည်။
system: "ရှန်ဂျီ မင်းဘာလို့မထသေးတာလဲ မြူတွေဝင်နေတာ မင်းသိလား"
ရှန်ဂျီ: "ဘာလို့ ထရမှာလဲ"
system:-.-
ရှန်ဂျီ ဂိမ်းကိုပိတ်လိုက်သည် ။ဖုန်းကိုဖွင့်ကာ ဒေသန္တရသတင်းကြေညာမှု အပ်ပ်(app)တွင်အသံသွင်းလိုက်သည်။
“တွက်ချက်မှုအရ မြို့တွင်းရှိ မြူမုန်တိုင်းများကို ဖြေရှင်းရန် ပျမ်းမျှအချိန်သည် ဆယ်မိနစ်ကြာမည်ဖြစ်ပြီး၊ သာမန်လူများအတွက် အကောင်းဆုံးနည်းလမ်းမှာ တစ်နေရာရာတွင်လုံခြုံစွာနေပြီးမြို့တော်ကာကွယ်ရေးတပ်မှ ကယ်ဆယ်ရေးများကို စောင့်ဆိုင်းရန်ဖြစ်သည်”
"နှင်းကပ်ဆိုး"
ဤသည်မှာ လူသားများက သူတို့အပေါ်တွင်ကျရောက်နေသော ပျက်ကပ်တစ်ခုကိုပေးထားသော အမည်ဖြစ်သည်။ အေဒီ 2044 ခုနှစ် Mတိုင်းပြည်တွင် ပထမဆုံးမှတ်တမ်းတင်ထားသော နှင်းကပ်ဆိုးကြီးသည် နိုင်ငံအတွင်း လူဦးရေအများဆုံးကို ပျက်စီးစေခဲ့သည်။ထို မြူခိုးမြူငွေ့များသည် ပျောက်ကွယ်မသွားပဲအချိန်အကြာကြီး ဆက်လက်ပြန့်ပွားနေမှုကြောင့် သုံးနှစ်အကြာပြီးတွင် နိုင်ငံ M ဟာ နျူကလီးယားလက်နက်ကို အသုံးပြုခဲ့ရသည်။
YOU ARE READING
👑🍂ကမ္ဘာပျက်ကပ်ကမ္ဘာ၌ နောက်ဆုံးဘော့စ်ဖြစ်လာတဲ့ ဖြတ်သွားဖြတ်လာလေး✨
AdventureGenres _ Bl , Transmigration , System , Powerful couple , Apocalypse , Special abilities