Unicode
Oxygen ပိုက်၊အစာပိုက်နှင့် ဆေးပိုက်တစ်ချို့ ရှုတ်ရှုတ်ခတ်အောင်တပ်ဆင်ခံထားရသည့် ဆေးရုံကုတင်ပေါ်မှာ ငြိမ်သက်နေတဲ့ ထိုလူသားမြင်လိုက်တိုင်း ဒေါသကအရင်ထွက်ရ၏။ထို့နောက် ကျေနပ်ခြင်းမမည် ဝမ်းနည်းခြင်း မဟုတ်သည့်ခံစားချက်က ဘာမှန်းမသိစွာ။
စိတ်တိုလာသည့်အချိန်တိုင်း နင်ဘာလို့ခေါင်းမာတာလဲလို့ မေးမေးပြီး ကလေးငယ်တွေလိုရိုက်ပစ်ချင်မိ၏။ငယ်ပေါင်းကြီးဖော်မဟုတ်ပေမယ့် ခုနှစ်နှစ်တာ သူငယ်ချင်းသံယောဇဥ်က နည်းနေသလား။
"Day တဲ့လား!ဟက်!နေ့ထူးနေ့မြတ်ရာ"
ကြယ်တာရာ ဟက်ခနဲတစ်ချက်ရယ်ကာ ဒေးရဲ့ ပါးနှစ်ဖက်ကို လက်နဲ့ဖိညစ်ရင်း စူးစူးစိုက်စိုက်ကြည့်ပစ်လိုက်သည်။ထို့နောက်.....၊
"နေ့ထူး နင်ကလေ အခုလို ဘာစကားမှမပြောနိုင်ဘဲ ငြိမ်သက်နေရမှ ကောင်းမှာ....၊မဟုတ်ရင် ငါ့ကိုမြင်ပြီး နင်သွေးအန်ပြီးတောင်သေနိုင်တယ်"
ကြယ်တာရာ လက်ထဲက နေကြာပန်းစည်းကိုတစ်ချက် လှဲလျောင်းနေသည့် ဒေး ကိုတစ်ချက်ကြည့်သည်။ပြီးမှ နေကြာပန်းစည်းကို ဒေးကုတင်ခေါင်းရင်းမှာထားလိုက်ကာ ကြယ်တာရာက ကုတင်ဘေးကခုံမှာဝင်ထိုင်လိုက်ရင်း......၊
"ငါနင်ကြိုက်တဲ့ နေကြာပန်းဝယ်လာတယ်....၊နင်က နေကြာပန်းကိုအကြိုက်ဆုံးမလား....၊နင်မှတ်မိသေးလား ငါတို့ တက္ကသိုလ်တက်တုန်းက အတန်းလစ်ပြီး နေကြာခင်းကိုသွားပြီး ခူးလို့ရနေတဲ့နေကြာပွင့်တွေသွားခိုးခူးတာလေ"
ကြယ်တာရာကပြောနေရင်း တစ်ခုခုကိုသတိရသွားသလိုထရယ်ပြန်သည်။
"အဲ့တုန်းက ငါခူးခိုင်းတဲ့အခင်းကမခူးဘဲ နင် နှစ်ခင်းကျော်လောက်ကိုသွားခူးတာလေ....၊အဲ့တော့ ပိုင်ရှင်သိပြီး လိုက်တာ နင်ရောငါရော နေကြာခင်းထဲမှာ ပုန်းပြေး ပြေးရတာ တစ်ကိုယ်လုံးယားလို့ အဆောင်ရောက်တာနဲ့ ရေကိုအတော်ချိုးယူပစ်ရတာလေ"
"အဟင်း...တကယ်တော့ ငါတို့ကျောင်းတက်တုန်းကအချိန်တွေမှာ တော်တော်ပျော်စရာကောင်းခဲ့တာနော်....၊ငါ့မှာလည်း သူငယ်ချင်းဆိုလို့ နင်တစ်ယောက်ပဲရှိသလို နင်လည်း ငါ့ကိုပဲသူငယ်ချင်းအဖြစ်သဘောထားခဲ့တာ!"
YOU ARE READING
Two Worlds [Complete]