Chp.23

8.5K 134 18
                                    

"ဒယ်ဒီ~ဘာလို့ မအိပ်သေးတာလဲ"

Jacketကို အိပ်ယာပေါ်ပစ်တင်လိုက်ပြီး အိပ်ရာပေါ်မှာ iPad နဲ့ ဂိမ်းဆော့ရင်း ဇိမ်ကျနေသူကို လှမ်းမေးသည် ။ ဒယ်ဒီ့ဗိုက်ကလေးထဲ မျက်နှာအပ်ရင်း ဗိုက်ကိုရွှတ်ခနဲနေအောင် နမ်းတော့ ဗိုက်ကြီးသည်လေးက ရယ်သည် ။

"ဘာလို့ Jacket ကို အဲ့လိုပစ်တင်တာလဲ ? တစ်နေကုန် အိမ်ရှင်းထားရတာကို အမှိုက်မဖွနဲ့လေ !"

စိတ်ကြည်ကြည်လင်လင်နဲ့ရယ်နေရာက အိပ်ရာပေါ်,သူ ဖြစ်ကတတ်ဆန်း ပစ်တင်ထားတဲ့ Jacketကို မြင်ပြီး ဗိုက်ကြီးသည်လေးက သူ့ကို ထုံးစံအတိုင်း ဆူတော့သည် ။

အိပ်ရာပေါ်က ထသွားပြီး သူ့ Jacket ကို ချိတ်နဲ့ ဘီဒိုထဲချိတ်ထားရင်း ပါးစပ်ကလည်း တတွတ်တွတ်နဲ့ပင် ။

"ဒါလေး ပစ်တင်တာ ဘယ်မှာအမှိုက်ဖွမိလို့လဲ"

"ဟာ ! ဟယ်ရီ ! မင်းငါ့ကို ဘယ်လို လေသံနဲ့ပြောနေတာလဲ !"

လင်မယားဖြစ်လို့ ကလေးတစ်ယောက်တောင် မွေးတော့မှာဆိုပေမဲ့ မွေးစားအဖေဖြစ်ခဲ့တာဆိုတော့လည်း အဖေဗီဇက ပြန်ပြတာပါပဲ ။

"တောင်းပန်ပါတယ်ဗျာ နောက်ဆို ဘီဒိုထဲ သေချာချိတ်ပါ့မယ်ဗျာ"

ဗိုက်ကြီးသည်လေးကို အနောက်ကနေ သိုင်းဖက်ရင်း လည်ပင်းကို အနမ်းပေးမိသည် ။

"လွှတ်စမ်းပါ !"

"မလွှတ်ဘူးဗျာ !"

မူယာမာယာနဲ့ အကဲပိုပြီး ရုန်းနေသူကို ပိုတင်းကျပ်အောင်ဖက်ပြီး မျက်နှာအနှံ့ တစ်ရှုံ့ရှုံ့နဲ့ နမ်းတော့ မျက်နှာလေးတွေ ရဲတက်လာသည်က ချစ်စရာ ။

"ရှက်တတ်တယ်ပေါ့"

"ဘယ်..-ဘယ်..-မှာ ရှက်လို့လဲ !"

သူ့ရင်ဘတ်ကို ဖတ်ခနဲရိုက်ရင်း အိပ်ယာပေါ်ပြေးတက်သွားသည် ။

ဆင်တူ Pajamas လဲပြီး အိပ်ယာပေါ်မှာ ဂိမ်းဆော့နေတဲ့ ဒယ်ဒီ့ လည်ပင်းထဲ နှာခေါင်းတိုးဝှေ့ရင်း ဆော့နေတဲ့ ဂိမ်းကို ကြည့်တော့ Subway Surfers တဲ့..။

(ကျွန်တော် ကျွမ်းကျွမ်းကျင်ကျင် ဆော့တတ်တာ Subway Surfers ပဲရှိလို့😋)

[21+] Swim ¦ 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙Where stories live. Discover now