Chp.24 ¦ Epilogue : 1

7.7K 126 16
                                    

"ပါပါးးးး !!!"

"မိန်းမ.."

အိမ်တံခါးဖွင့်သံနဲ့အတူ ဇိုင်းနဲ့ဟယ်ရီရဲ့ခေါ်သံကပါ တစ်ပြိုင်နက်တည်းကပ်ပါလာသည် ။ ဇိုင်းက ထမင်းပွဲပြင်နေတဲ့ သူ့ကို ပြေးဖက်ပြီး ဟယ်ရီကတော့ သူ့အိတ်ရောဇိုင်းရဲ့လွယ်အိတ်နဲ့ထမင်းချိုင့်တွေပါ မနိုင်မနင်းသယ်ရင်း လိုက်လာသည် ။

"မိန်းမသားက ငပျင်း ကားပေါ်ကဆင်းရင် ဇောင်းထဲကလွှတ်တဲ့မြင်းလိုပဲ"

အန်ဒရူး သဘောတကျနဲ့ရယ်တော့ ဟယ်ရီကရယ်သံနှောရင်း ထပ်ပြောသည် ။

"တစ်ကယ်အဟုတ်ပြောတာ လှောင်အိမ်ထဲက လွှတ်တဲ့ငှက်ကမှ ပျံဖို့အရှိန်ယူရင်ယူဦးမယ် သူက တစ်ကယ် ဇောင်းထဲက လွှတ်တဲ့မြင်းလိုပဲ ဘာမှကိုမသယ်တော့ဘူး တစ်ဟုန်ထိုး အိမ်ထဲပြေးတာ"

ဟယ်ရီက ပြောပြောဆိုဆို ဇိုင်းရဲ့ ခေါင်းလုံးလုံးလေးကို ဖတ်ကနဲမနာအောင်ရိုက်သည် ။

"ပါပါး ! သားကို ဒယ်ဒီအနိုင်ကျင့်နေတယ် !"

ဇိုင်းက ဆူပုပ်ရင်း သူ့ကို ပိုတိုးဖက်သည် ။

"ငါ့လက်ဆငါသိတယ် မင်းကိုနာအောင်မရိုက်လိုက်ဘူးနော်"

"ရိုက်တာက ရိုက်တာပဲ !"

"ငါ့သားလုပ်နေပြီး ငါ့ကိုပြန်ခံပြောနေတယ် ကြည့်စမ်း ! တစ်ကယ် နာအောင်ရိုက်ပေးလိုက်ရ !"

"ရိုက်ရဲရိုက်ကြည့် !"

ဟယ်ရီကလည်း ကလေးနဲ့အပြိုင် ၊ ဇိုင်းကလည်း ကပ်ကပ်ကိုလန်လို့..သားအဖနှစ်ယောက်က မိုလင်းတဲ့အထိ ဇာတ်လမ်းမပြီးတော့မဲ့ သဘောမှာရှိသည် ။

"ကဲပါ ရန်ဖြစ်မနေနဲ့တော့ ဟယ်ရီ ရေသွားချိုးတော့ ဇိုင်းလည်း ရေသွားချိုးတော့ ပြီးရင်ထမင်းစားကြမယ်"

နှစ်ယောက်လုံး ရေချိုးဖို့သူတို့အခန်းကို သူတို့ ကိုယ်စီထွက်သွားကြမှ အန်ဒရူးကိုယ့်အလုပ်ကိုယ်ဆက်လုပ်လိုက်သည် ။

•••

Pajamas ဆင်တူနဲ့ထွက်လာတဲ့ သားအဖက အခုကြတော့ တည့်နေလိုက်တာများ ။ ဇိုင်းက သူ့အဖေလည်ပင်းကိုဖက်ထားသည် ။ ဟယ်ရီက သဘတ်ကို ခေါင်းပေါ်တင်ရင်း ဇိုင်းကိုချီရင်းထွက်လာသည် ။

[21+] Swim ¦ 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙Where stories live. Discover now