"သူများတွေနဲ့ အရောမဝင်နဲ့နော်"
"အင်းပါ"
"ဖုန်းဆက်တိုင်း ကိုင်နော်၊ ကျွန်တော်က နှစ်ခါထပ်ပိုခေါ်ရရင် မကြိုက်ဘူး"
"ဟုတ်ပြီ"
"စာပို့နော် အမြဲ"
"သိပါတယ်ဆို"
ဟယ်ရီက လေယာဥ်ပေါ်မတက်ခင် တတွတ်တွတ်နဲ့မှာလို့ မပြီးတော့၊ Architecture ကိုသေချာသင်စေချင်တာမလို့ Chicago ကို လွှတ်လိုက်ရပေမယ့် သူလည်း စိတ်ဖြောင့်တာမဟုတ်၊ ဟယ်ရီကလည်း သူ့ကို စိတ်မချ၊ သူ့ခါးကို ဖက်ထားပြီး မှာနေတာမပြီးတော့။
ဟယ်ရီ လေယာဥ်ပေါ်တက်မှ သူပြန်ခဲ့သည်၊ ပြန်ခါနီး ပဲနီလုံးက သူ့ကိုအတင်းဖက်ပြီး နမ်းသွားသေးသည်။
•••
အိမ်ပြန်ရောက်တော့ ကားသော့ကို ခုံပေါ်ဒီတိုင်းပစ်တင်ပြီး ဟယ်ရီနဲ့သူ့ရဲ့အိပ်ခန်းထဲကို ဝင်ခဲ့သည်၊ အိမ်မှာက နှစ်ယောက်ထဲ နေနေကြဆိုတော့ တစ်ယောက်မရှိတာနဲ့ သိသိသာသာအထီးကျန်တာပဲ၊ ဟယ်ရီ့အင်္ကျီလေးကို နမ်းလိုက်ရင်း ရင်ခွင်ထဲထည့်ထားလိုက်သည်၊ ခွဲရတာ တစ်နာရီမပြည့်သေးတာတောင် သူကလွမ်းနေပြီ နောက်ရက်တွေဆို ဘယ်လိုဆက်နေရမလဲမသိ။
•••
ဟယ်ရီ Chicago ကိုရောက်တာ တစ်လရှိပြီ၊ အမြဲတမ်း စာပို့ ဖုန်းဆက်နေကြမလို့ အထီးတော့သိပ်မကျန်၊ ဟယ်ရီမရှိတာမလို့ ညဘက်တွေ အိပ်ရတာတော့ သိပ်ပြီး စိတ်မဖြောင့်၊ ဟယ်ရီ ရှိတုန်းက ညဘက်တွေ တချိုးတည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပေမယ့် မရှိတော့ ညသန်းခေါင်ဆို အမြဲတစ်ရေးနိုးသည်၊ တချို့ညတွေဆို နှစ်နာရီ သုံးနာရီထိုးတွေ ပြန်နိုးပြီး တစ်ညလုံး အိပ်မရတော့၊ ဟယ်ရီ့ကို လွမ်းရင် ဓါတ်ပုံတွေကြည့်ရင်း vc ပြောရင်း အလွမ်းဖြေရသည်၊ အခုလည်း laptop screen ပေါ်က ဟယ်ရီ့ မျက်နှာကိုကြည့်ရင်း ဟယ်ရီပြောတာ နားထောင်နေရသည်။
"ကျွန်တော့်ကို မလွမ်းဘူးလား"
"လွမ်းတာပေါ့"
YOU ARE READING
[21+] Swim ¦ 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙
RomanceAndrew + Harry ✔️One seme,One Uke ✔️Slightly possessive Seme and weak Uke
![[21+] Swim ¦ 𝘾𝙤𝙢𝙥𝙡𝙚𝙩𝙚𝙙](https://img.wattpad.com/cover/372073275-64-k212188.jpg)