အရှင်၏ - 10

427 59 6
                                    

*uni*




⚠️ ကချင်ပြည်နယ်ဘက်မှာ7လပိုင်းလောက်ထဲကဖုန်းလိုင်းတွေကော၊အင်တာနက်လိုင်းတွေကောဖျက်ထားတာမလို့ ကိုယ်ပျောက်နေတာပါ။ ဒါကြောင့် ficတွေလဲမ upဖြစ်တာပါ။ဘယ်ချိန်အတိအကျလိုင်းရမလဲမသိသေးပေမဲ့ ကိုယ် ficရေးတာရပ်လိုက်တာမဟုတ်ပါဘူး sweetieတို့ ။ကိုယ်ပြန်လာခဲ့ပါမယ် ⚠️

_________________________________________

"ဒါဆိုရင် စစ်သူကြီးယွန်းဂီနဲ့ ကိုယ်လုပ်တော်ဂျွန်ကိုလွှတ်လိုက်တာ သင့်တော်မယ်ထင်တယ်"

"မလိုဘူး ကိုယ်တော်ကိုယ်တိုင်သွားမယ်!"

"မင်းကြီးက နန်းတော်မှာနေတာပိုဘေးကင်းပါတယ်"

"ကျွန်တော်က ဒီနိုင်ငံရဲ့ဘုရင်ပါ ဟျောင်းဂျွန်း"

"ဟျောင်းသိတယ်လေ ဒါပေမဲ့  ဟန်လူမျိုးတွေ ရုတ်တရက် တိုက်ခိုက်လာခဲ့ရင် မင်းကြီးကနန်းတော်မှာရှိနေပြီးခုခံဖို့လိုပါတယ်"

"ဟန်လူမျိုးတွေနဲ့ ဂိုဂူလျောက မဟာမိတ်တွေဖြစ်ခဲ့ဖူးတယ်လို့ကြားဖူးတယ် ဟိုကိုသွားရင်သေချာပေါက် ယွန်းဂီကိုမှတ်မိမှာ"

(ဂိုဂူလျော=ဂျွန်မျိုးနွယ်တို့၏ပိုင်နက်/ ဂျွန်တိုင်းပြည်)

"ထယ်ယောင်းပြောတာလဲ ဟုတ်တယ် နမ်ဂျွန်း ကျုပ်အရင်ကသူလျှိုအဖြစ်နေခဲ့တုံးက ဟန်မင်းကြီးနဲ့ တော်တော်ရင်းနှီးခဲ့တာ ပုံစံဖျက်ပြီးသွားရင်တောင် သေချာပေါက်မှတ်မိမှာ"

ယွန်းဂီရဲ့အပြောကြောင့် အမတ်ချုပ်ကြီးကင်မ်နမ်ဂျွန်းက မင်းကြီးထယ်ယောင်းကိုသွားဖို့ရာလက်ခံလိုက်သည် မင်းကြီးကိုယ်တိုင်ကလည်း ဟန်လူမျိုးတွေရဲ့စကားကိုတတ်မြောက်သည်မလို့ သွားဖို့ရာအဆင်ပြေသည်

~ရာစုနှစ်တွေကြာတဲ့အထိ အင်အားကြီးမားခဲ့တဲ့ ဟန်လူမျိုးတွေဟာ ဘတ်ဂျယ် ခေါ်  မင်းကြီးထယ်ယောင်းရဲ့ကျော်ကြားမှုကိုကြားမိကာ စစ်ကြေညာခဲ့သည်။ထို့ကြောင့် ဘတ်ဂျယ်ရဲ့နည်းဗျူဟာအတိုင်း *ဟန်*ရဲ့အတွင်းရေးကိုထောက်လှမ်းရေးလုပ်ဖို့အကြောင်းဖန်လာတော့သည်~

"ဒါဆိုရင် စစ်သူကြီးယွန်းဂီက တောင်ပိုင်းတပ်ကိုဦးဆောင်လိုက်ပါ မင်းသားတစ်က အနောက်ပိုင်းတပ်မှာနေရာချထားပြီးပြီဆိုတော့ မင်းသားနှစ်ကတော့ မြောက်ပိုင်းကို ဦးဆောင်ပြီးတိုက်ခိုက်ပါ ကျုပ်ကင်မ်နမ်ဂျွန်းကတော့ အရှေ့ပိုင်းကိုဦးဆောင်ပါမယ်"

အရှင်၏Where stories live. Discover now