*uni*
"ဒါဘာစာအုပ်လဲဟင် မင်းသားဂျီမင်း"
"အဲ့တာက မင်းကြီးထယ်ယောင်းရဲ့ စစ်မှတ်တမ်းတွေလေ တိုက်ပွဲမှာအောင်နိုင်ခဲ့တဲ့တိုင်းပြည်တွေကိုချရေးထားတာ"
"ဟို ဂျွန် ဂျွန်ဖတ်ကြည့်လို့ရရဲ့လားဟင်"
"ရတယ်လေ ဂျောင်ဂုလေးရဲ့ ဘာကိုကြောက်နေတာလဲ"
"ဂျွန်ကြောက်လို့ပါ ခုရောက်နေတာကာ တော်ဝင်စာကြည့်တိုက်ဆိုတော့ မျိုးရိုးမြင့်တွေပဲလာတာလေ အရှင်သာ ဂျွန့်ကိုဒီမှာတွေ့ခဲ့ရင်သတ်လိမ့်မယ်"
"ဟော စိတ်မပူပါနဲ့ ဂျောင်ဂုရဲ့ မင်းကြီးက အင်္ဂါနေ့တွေပဲလာတာ"
"တကယ်လား ဒါဆို ဂျွန်ဒီကိုလာလို့ရတယ်ပေါ့"
"သွားချင်တယ်ဆိုရင် မင် နဲ့အတူသွားမယ်လေ ဂျောင်ဂု တစ်ယောက်ထဲဆိုရင် ဂျောင်ဂုလေးအတွက်မကောင်းဘူး"
ဂျီမင်းသိတာပေါ့ ဂျောင်ဂုလေးရောက်လာထဲက တနှာမျက်စိနဲ့ကြည့်နေကျတဲ့အမတ်တွေကို
"ဟုတ် မင်းသားဂျီမင်း ဂျွန် ဒီစာအုပ်လေးဖွင့်ဖတ်ကြည့်မယ်နော်"
အရှင့်ရဲ့စစ်မှတ်တမ်းတွေဆိုတော့ ဂျောင်ဂုစိတ်ဝင်စားကာ ခပ်မြန်မြန်လေးဖွင့်ကာဖတ်နေသည်
"အများကြီးပဲနော် မင်းသားဂျီမင်း "
"ဟုတ်တယ် မင်းကြီးက14နှစ်အရွယ်ထဲက ကိုယ်တိုင်ဦးဆောင်ပြီးရှေ့တန်းထွက်တိုက်ခဲ့တာလေ"
"14နှစ်မှာ စပြီးရှေ့တန်းထွက်ခဲ့တာဆိုတော့ ငယ်သေးတာပဲ"
"မင်းကြီးကအဲ့အရွယ်ထဲက စာပေထက် တိုင်းရေးပြည်ရေးကိုစိတ်ဝင်စားခဲ့တာလေ ဘယ်လိုမှတားမရဘူး"
"အဲ့လိုလား..."
စာအုပ်ထဲမှာ အောင်နိုင်ခဲ့တဲ့တိုင်းပြည်တွေမြောက်များစွာကို ချရေးထားပေမဲ့သူ့တိုင်းပြည်ကို ရှာမတွေ့တာကြောင့် ဂျောင်ဂုကြောင်အံ့လျက်
"မင်းသားဂျီမင်း ဒီစာအုပ်ထဲမှာက နိုင်ခဲ့တဲ့တိုင်းပြည်တွေကိုတစ်ခုမကျန်ချရေးထားတာလားဟင်"