I think I fell in love with you for the second time

19 4 2
                                    

ဆောင်းရာသီဝင်ခါစဆိုပေမယ့် အရင်နှစ်ကလောက်သိပ်မအေးဘူး။ ရာသီဉတုနည်းနည်းကောင်းတယ်ပြောရမလားပဲ။ တွေးနေရင်း အိပ်ရာကိုသေချာလေးသိမ်းပြီး ပြတင်းပေါက်တံခါးကိုဖွင့်လိုက်တော့ အိမ်ရှေ့မှာရပ်နေတဲ့ ကောင်ကလေးတစ်ယောက်ကိုတွေ့တယ်။ အသားကဖြူဖြူဉဉလေးနဲ့ ပုလဲလုံးလေးလို နှင်းလုံးလေးလို ချစ်စရာကောင်းတယ် ပြီးတော့ ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီးလှတယ် အို.. ယောကျ်ားလေးတစ်ယောက်ကလဲ လှပိုင်ခွင့်ရှိတာပဲမလား။ ဒါမယ့်သူကအချိန်ကြာတဲ့အထိအဲ့မှာရပ်နေတုန်း ဘာကောင်လေးပါလိမ့်။ တွေးနေရင်း ခြံတံခါးကိုဆင်းဖွင့်မိသည်။ တံခါးကိုဖွင့်လိုက်တော့ အဲ့ကောင်လေးကအံ့ဩစွာကြည့်၏။

''ဟို....ဘယ်သူလဲမသိဘူး? ဒီမှာရပ်နေတာ အချိန်ကြာနေပြီမို့လို့လေ ဘာကိစ္စရှိလို့လဲမသိဘူး''

မေးပြန်တော့ သူကမလှုပ်ယှက်။ စက္ကန့်အနည်းငယ်လောက်မှ ပြန်ဖြေသည်။

''ကျွန်တော့်ကိုမမှတ်မိဘူးလားဟင်?''

တဲ့လေ ဟော....ဒီကောင်လေး မနက်စောစောစီးစီး အာရုံလာစားနေတာပဲ။

''ဘယ်သူလဲမသိဘူးဗျ?''
''ကျွန်တော်ကနည်းနည်းမေ့တက်လို့လေ တစ်နေရာရာမှာတွေ့ဖူးလို့လားဗျ?''

''ကိုကို...''

ဘုရားရေ 'ကိုကို'တဲ့ ခက်ပြီ။

''ဗျာ?''

ဟုနားမလည်စွာပြောတော့ အရှေ့ကခွေးပေါက်ကလေးက လာဖက်၏။

''ကိုကို ကျွန်တော့်ကိုမမှတ်မိဘူးလားဟင်? ကိုကို့ဘေးအိမ်မှာနေသွားတဲ့ ပတ်ဆောင်းဟွန်းလေ ကိုကိုပဲ ကျွန်တော့်ကို အမြဲ ကိုကို့အူယူလေး၊ ကိုကို့ခွေးပေါက်လေး၊ ကိုကို့နှင်းလုံးလေး၊ ကိုကို့ဟွန်းလေးနဲ့ အမြဲခေါ်နေပြီးတော့ အခုကျမမှတ်မိချင်ယောင်ဆောင်တာလား ဘာလဲ ကျွန်တော်လန်ဒန်ကပြန်လာတဲ့အထိမမေ့ပါဘူး လို့ကိုကိုပဲကတိပေးပြီး ကိုကိုပဲဖျက်တာလား''

အယ် ဒီကောင်လေးသူ့ကိုအာရုံစားနေတာတော့သေချာပြီ။ ခက်တာက သူaccidentဖြစ်ပြီးထဲက ဘာမှမမှတ်မိတော့တာ။ ဒီကောင်လေးကသူနဲ့ဘယ်လိုပတ်သက်ပါလိမ့်။ ဘေးအိမ်ကဆို ဒေါ်လေးဂျောင်ဆူယွန်းတို့အိမ်မှာနေဖူးတဲ့သူများလား။

I FELL IN LOVE WITH YOU TWICEWhere stories live. Discover now