15🔞

687 70 46
                                    

Unicode

မိုးဖွဲဖွဲကျသံကိုကြားရပြီးမိုးရနံ့နှင့်အတူရင်ခွင်ကျယ်ဆီကနှင်းဆီရနံ့သဲ့သဲ့ကိုရသည်။ မော့ကြည့်လိုက်တော့အိပ်မောကျနေသည်ထင်။

နှုတ်ခမ်းထောင့်ပွန်းရာကိုဖွဖွကိုင်ကြည့်ရင်းဆေးထပ်ထည့်ပေးရမယ်ဆိုတဲ့အသိကဝင်လာ၏။ထို့ကြောင့်သူနိုးရင်တော့မှတ်မှတ်ရရဆေးထည့်ပေးရမှာ။

ဒီနေ့လစာထုတ်ရက်ဆိုတော့9နာရီလောက်သွားရင်အကောင်းဆုံးမို့ရင်ခွင်ကျယ်ဆီကအသာရုန်းထွက်ကာကိုယ်လက်ဆေးအဝတ်စားလဲရန်ရေချိုးခန်းဝင်သည်။

မိုးကလည်းခပ်ဆွေဆွေမို့သူတော်တော်နဲ့နိုးမလာ။သူ့ကိုမပြောပဲသွားရင်လည်းဒေါသကကြီးဦးမှာမလို့ပုခုံးမှအသာလှုပ်နိုးလိုက်သည်။

" ထယ်ဟျောင်း.....ထယ်ဟျောင်း...ထယ်ဟျောင်းငါလစာသွားထုတ်မလို့ လိုက်မှာလား"

အိပ်ချင်မူးတူးနဲ့မျက်လုံးဖွင့်ကြည့်လာ၍နှုတ်ခမ်းကိုလာနမ်းသည်။

" ပြွတ်စ်..! အကြည်ဓာတ်လေး"

" ဟို....ဟိုဟာ....လစာသွားထုတ်မလို့"

" လိုက်ခဲ့မှာ....ရေချိုးလိုက်ဦးမယ်"

" မိုးရွာနေတယ်လေ ဖျားကုန်မှာပေါ့"

" အင်း....မချိုးတော့ဘူး"

တစ်ခွန်းဆိုတစ်ခွန်းအဝတ်စားလဲဖို့ယူပြီးရေချိုးခန်းဆီဝင်သွားသည်။ပြန်ထွက်လာတော့ အဖြူရောင်shirtအပေါ်ဆူးတချို့ပါသည့်အနီရောင်jacketနှင့်pantအနက်ကိုဝတ်ထားသည်။

မျက်နှာမှာလည်းဒဏ်ရာတွေနဲ့ဆိုတော့တကယ့်ကိုဂျစ်ပစီလူ့ဂျစ်ကန်းလေးအတိုင်း။

" ထိုင်ဦး မင်းမျက်နှာကဆေးထပ်လိမ်းမှဖြစ်မှာ"

ဂျောင်ဂုစကားအတိုင်းပြတင်းပေါက်နားကခုံမှာထိုင်ပေးလိုက်သည်။အရက်ပျံပုလင်းနဲ့ဂွမ်းစယူလာပြီးဆေးထပ်ထည့်ပေးပုံလေးက အနီးကပ်ကြည့်လေပိုလှလေ။

မျက်ခုံးကွဲတဲ့နေရာကအနာဖေးလေးကိုသွားထိတော့စပ်တာကြောင့်မျက်နှာရှုံတဲ့အခါတဖူးဖူးမှုတ်ပေးလာသည့်နှုတ်ခမ်းလေးကခပ်ရဲရဲ။

YOUR MAN (completed)Where stories live. Discover now