Zawgi
" ကိုးကိုး......ကိုးကိုး.... videoဘာလို့ဖျက်ပစ်တာလဲ ခင်ဗျားကောင်ကတစ်နေ့8ကြိမ်လောက် အေ့....အနည်းဆုံးကြည့်တာကိုဗျာ....ကိုးကိုး"
" ဘယ်လိုဖြစ်နေတာလဲ"
အသောက်လွန်နေသည့်ကိုယ်ကြီးကိုတွဲပေးရတာကတစ်မျိုး ပါးစပ်ကပေါက်ကရလျှောက်ပြောလို့မျက်နှာပူရတာတစ်မျိုးနဲ့ရှက်လှပြီ။ ဘေးကလီလီနဲ့ဆယ်အီကလည်းကူတွဲပေးရင်းကြိတ်ရယ်နေတော့ခပ်အုပ်အုပ်သတိပေးလိုက်သည်။
ဟော ကြည့်ကြည့်အခုတွဲပေးလည်းသူ့ကိုယ်ကြီးကိုထိန်းမနိုင်ဘူးလေ။သူ့သူငယ်ချင်းယောကျာ်းလေးတွေကလည်းအသောက်လွန်ပြီးမြေပြင်ပေါ်အိပ်တဲ့လူကအိပ်Tent ဝင်မှာကန့်လန့်ဖြစ်တဲ့လူကဖြစ်နဲ့ ကျန်သည့်မိန်းကလေးတွေကလည်းသူတို့အတွဲနဲ့သူတို့tentထဲမှာ မမူးတာဆိုလို့ကိုယ်ရယ်လီလီတို့အတွဲရယ်ပဲ။
ဆယ်အီ: ဒီပုံအတိုင်းပြန်လို့ဖြစ်ပါ့မလား လီလီမင်းသူငယ်ချင်း Tentထဲသူတို့ကိုပေး အိပ်လိုက်ပါလား....သူတို့လည်းလူမှန်းမသိမူးရူးပြီးမြေပြင်ပေါ်အိပ်နေမယ့်တူတူလေ
လီလီ: ဟုတ်တယ် ဘေးဖျားဆုံးကTentထဲအိပ်လိုက်အစ်ကို
" အဲ့လိုပဲလုပ်ရတော့မယ်ထင်တယ်"
" ...ပြွတ်စ်..!"
"yarrr...!!"
လူရှေ့ဖက်နမ်းတာကြောင့်အော်ပစ်လိုက်၏။မျက်လုံးကမဖွင့်တဖွင့်နဲ့နှာထဖို့တော့သိသေးသားပဲ။
ထို့ကြောင့်ဆယ်အီပြောတာကိုသဘောတူပြီး Tentထဲမှာပဲအိပ်ဖို့သဘောတူလိုက်သည်။ခန္ဓာကိုယ်ကြီးကိုမနည်းလှဲသိပ်ပေးရတာခါးပါနာတယ်။
လက်မောင်းကဆွဲချ၍ ရင်ခွင်ထဲအသက်ရှူရခက်အောင်အထိဆွဲဖက်လာတာကြောင့်သူ့ရင်ဘတ်ကိုဖွဖွတွန်းလိုက်သည်။
" အရမ်းမဖက်နဲ့"
" ရွှတ်..!! ခင်ဗျားကောင်အပိုင်လေး"
ပါးလေးဆီဖိနမ်းပြီးပြောတဲ့အခါဂျောင်ဂုသူ့ရင်ခွင်ကြီးထဲပိုတိုးဝင်လိုက်သည်။
အရိုင်းဆန်ပြီးလုံခြုံနွေးထွေးတဲ့ခံစားချက်နှင့် မောင်ဟာတောအုပ်တစ်ခုနှင့်တူသည်။
YOU ARE READING
YOUR MAN (completed)
Fantasyမောင်လို့သာခေါ်လိုက် ခင်ဗျားကောင်ကအရာအားလုံးကိုရင်ဆိုင်ပေးမယ် Toptae ဒီfictionမှာပါဝင်တဲ့အကြောင်းရာလူနေမှုသဘောတရားများက စာရေးသူရဲ့စိတ်ကူးသက်သက်ပဲဖြစ်ပါတယ်