အပိုင်း (၁) (U+Z)

20 2 1
                                    

💔ကြွေ💔 လူချင်းနီးနေရင်တောင် နှလုံးသားကဝေးနေရတုန်းပဲ

ကျွန်တော်တို့သူငယ်ချင်းတွေအားလုံး Uniကျောင်းသားဘဝကိုကျော်လွန်ပြီးနောက် ကိုယ်ပိုင်အိမ်မက်နောက်ကို လိုက်ဖြစ်ခဲ့ကြတယ်၊ အခုဆို ကျွန်တော့်ရဲ့အကြီးမားဆုံးအိမ်မက်ထဲက "ဆရာဝန်ဖြစ်ကိုဖြစ်ရမယ်" ဆိုတဲ့အိမ်မက်တစ်ခုတော့ ပြည့်ဝခဲ့ပြီ ဒါပေမဲ့ နောက်တစ်ခုကတော့ ဘယ်အချိန်ကျမှဖြစ်လာမလဲဆိုတာ မပြောတတ်ပါဘူး၊ အဲဒါကတော့ တစ်ချိန်ကျရင် ကျွန်တော် တစ်စုံတစ်ယောက်နဲ့လက်ထပ်ချင်တာပါပဲ...

ကျွန်တော့်မှာ သူငယ်ချင်းများများစားစားမရှိပါဘူး အရင်းနီးဆုံးဆိုလို့ အထက်တန်းတုန်းကပေါင်းဖြစ်တဲ့ YANYAN ဆိုတဲ့သူငယ်ချင်းရယ် နောက်တစ်ယောက်က...ငယ်ငယ်လေးကထည်းကပေါင်းလာတဲ့ အကောင်သေးသလောက် အရမ်းစွာတတ်တဲ့ RAN ဆိုတဲ့သူငယ်ချင်းရယ် နှစ်ယောက်ပဲရှိခဲ့တာပါ ပြီးတော့ အဲဒီနှစ်ယောက်ထဲက ကျွန်တော် လက်ထပ်ချင်တဲ့တစ်စုံတစ်ယောက် ဆိုတာ RAN ပါပဲ။ ဒါက မလွယ်ဘူးမလား ကျွန်တော့်ရဲ့သူငယ်ချင်းကို ချစ်ရတာကလေ.. ကျွန်တော် သူ့ကိုငယ်ငယ်လေးကထည်းက အရမ်းသဘောကျခဲ့ရတာပါ ဒါပေမဲ့ သူတစ်ခါလေးတောင်မှ ကျွန်တော့်ဘက်မှာ ရှိမနေခဲ့ဘူး။ ကျွန်တော် သူ့ကိုဘယ်လောက်ထိအလေးထားတယ် ဘယ်လောက်ထိဂရုစိုက်ပြီး သဘောကျတယ်ဆိုတာကို သူ့အရှေ့မှာ ခဏခဏပြဖူးပါတယ် သူမြင်အောင် နည်းလမ်းမျိုးစုံလည်းသုံးဖူးပါတယ် ဒါပေမဲ့လည်း သူအဲဒါကို မမြင်ခဲ့ဘူး။ တစ်နေ့ ကျွန်တော် သူနဲ့လက်ထပ်မယ်ဆိုတဲ့ အိမ်မက်ဖြစ်လာဖို့က 50% လောက်တောင်မသေချာပါဘူး

"ဟျောင့် AUTO! ဘာတွေငေးနေတာလဲ ပါဆယ်ဆွဲလာတဲ့ဟင်းတွေ အေးကုန်တော့မယ် မင်းမစားလို့ကျန်ရင်လည်း မကောင်းတော့ဘူး

ဒါကတော့ ကျွန်တော့်သူငယ်ချင်း YANYAN ပါ။ ကျွန်တော် ငေးနေလို့ဆိုပြီးဆူနေတာလေ.. ကျွန်တော် RAN ကိုကြိုက်နေတာကိုလည်း ဒီကောင်တစ်ယောက်ပဲသိပါတယ်၊ YAN2 နဲ့ကျွန်တော်နဲ့က အိမ်မက်လည်းတူတော့ ကိုယ်ပိုင်ဆေးရုံ နှစ်ယောက်အတူပေါင်းပြီး ဖွင့်ထားတာပါ ဆေးရုံကထင်သလောက်မကြီးတော့ ဆရာလည်းအများကြီးမခေါ်ထားဖြစ်ပါဘူး။ ကျွန်တော်ရယ် YANYAN ရယ် ဆရာမသုံးယောက်ရယ်ပဲရှိတာပါ ကိုယ်ပိုင်ဆေးရုံဆိုတော့ ဆေးရုံကြီးတွေလို လူအများကြီးလည်းမလိုဘူးလေ လူနာနဲ့ဆရာ မျှတတဲ့အနေထားလောက်ပါပဲ..

💔ကြွေ💔Where stories live. Discover now