အပိုင်း (၃) (U+Z)

9 2 0
                                    

💔ကြွေ💔 ငါ မင်းကို ချစ်လို့ပါ Ran! ငါ မင်းကို ချစ်လို့..

အချစ်အတွက် မရူးရင်တောင် တုံးပြီး 'အ' လွန်းတဲ့ငတုံးကောင် အခုလည်း bar ကိုရောက်လာခဲ့ပြန်ပြီ ကျွန်တော့်ကိုယ် ကျွန်တော်တောင် ဘာတွေလုပ်နေလဲဆိုတာတောင် သေချာမသိတော့သလိုတောင် ငပိန်းကောင်ကြီး ဖြစ်နေပြီထင်ပါရဲ့နော်၊ Ran ကိုဟိုလူနဲ့နှစ်ယောက်ထည်း လွှတ်ထားရမှာကို စိတ်မချဘူး။ အမှန်တိုင်းပြောရရင် စိတ်မချတာထက် ဟိုလူကို မနာလိုတာ ဆိုရင်ပိုမှန်လိမ့်မယ်ထင်...

ကျွန်တော် ချစ်တဲ့သူငယ်ချင်းကို တခြားသူမဦးခင် ကျွန်တော် ပိုင်ဆိုင်နိုင်ဖို့အတွက် ဘာမဆိုလုပ်ရဲတဲ့ သတ်တိမျိုးရှိချင်မိတယ် အခုတော့ ကျွန်တော့်ဘဝက လက်တစ်ကမ်းလေးမှာရှိတဲ့ အရာလေးတစ်ခုကိုတောင် လှမ်းယူနိုင်တဲ့ အရည်ချင်းတစ်ခုတောင် မပိုင်ဆိုင်တဲ့ငတုံးကောင်လေ..

ကျွန်တော့် မျက်နာမပေါ်ရအောင် ဦးထုပ်ကိုမျက်နာရှေ့ဆိုက်ပြီးစောင်းထားရုံသာမက ခေါင်းစွပ်အင်းကျီအနက်ကြီးကိုပါ ဝတ်ပြီးဦးထုပ်ပေါ်မှာ အင်းကျီကခေါင်းစပ်ကိုထပ်စွပ်ထားလိုက်သည်။ ကျွန်တော် bar counter ကညာဘက်အစွန်ဆုံးမှာထိုင်ပြီး လူအများကိုကျောခိုင်းရင်း အရက်တစ်ခွက်ကို စိမ်ပြေနပြေထိုင်သောက်ရင်း Ran ကို  မသိမသာကြည့်နေလိုက်သည်။ Ran ကတော့ဟိုလူနဲ့ လူအများထဲမှာ ကခုန်နေလေရဲ့... Ran ကိုကြည့်ရတာ အတော်လေးကိုမူးနေပုံပေါက်ပြီး ထိုသူက ကျွန်တော်ချစ်တဲ့သူရဲ့ခါးကို တင်းကျပ်စွာဖက်တွယ်ထားသေးသည်၊ အများအမြင်မှာတော့ အရမ်းကိုသာယာကြည်နူးစရာကောင်းတဲ့ မြင်ကွင်းတစ်ခုဖြစ်ချင်ဖြစ်ပါလိမ့်မယ် ဒါပေမဲ့ ကျွန်တော့်အတွက်ကတော့ ကမ်ဘာပေါ်မှာ အဆိုးရွားဆုံးမြင်ကွင်း ကျွန်တော်မကြည့်ချင်ဆုံးမြင်ကွင်ထဲက တစ်ခုပါပဲ၊ ကျွန်တော့်နေရာကနေပြီး ခံစားကြည့်ရင် အားလုံးနားလည်ပါလိမ့်မယ် ကိုယ်ချစ်တဲ့သူက တခြားသူရင်ခွင်ထဲမှာ ပျော်နေတဲ့ မြင်ကွင်းက ဘယ်လောက်ထိနာကျင်စရာကောင်းလိုက်လဲဆိုတာကို...

ကျွန်တော်ကြည့်နေလေ သူတို့ကပိုပြီး တင်းတင်းကျပ်ကျပ်ဖက်တွယ်ပြီး ကခုန်နေကြလေလေလို့တောင် ကျွန်တော်ထင်မိတယ် ဒီအခြေနေအရဆို သူတို့ ချစ်သူတွေဖြစ်လောက်ရော့ပေါ့.. ကျွန်တော့်အရှေ့မှာ အဲ့လောက်ထိမချစ်ပြပါနဲ့လို့ သူသိအောင် ကျွန်တော် ဘယ်လိုများပြောပြရမလဲနော်..  ရယ်စရာတော့ကောင်းသား ကျွန်တော့်ဖာသာကျွန်တော် တစ်ယောက်ထည်းခံစားနေရတာ Ran က သိမှာတောင်မဟုတ်ပါဘူး၊ ဒါကလည်း ကျွန်တော့်အပြစ်ပါ ကျွန်တော်သာ သူသိအောင် ဒဲ့ပြောခဲ့လိုက်ရင် ချစ်သူမဖြစ်ရင်တောင် အနည်းဆုံး ကျွန်တော်သူ့ကို ချစ်တယ်ဆိုတာလေးတော့  သိသွားမှာပဲ အဲလိုဆို ဘာပဲဖြစ်ဖြစ် ကျွန်တော် စိတ်ပေါ့ပါးသွားမှာပဲလေ အခုတော့ဗျာ ကျွန်တော့်ထိုက်နဲ့ ကျွန်တော့်ကံပဲပေါ့..

💔ကြွေ💔Where stories live. Discover now