အပိုင်း (၂) (U+Z)

16 2 0
                                    

💔ကြွေ💔 ငါ့မှာ ဘာမှပြောပိုင်ခွင့်မရှိဘူးမဟုတ်လား

နေရောင်နွေးနွေးကျနေတဲ့လမ်းထက်က ဘေးဘက်ဝဲရာမှ သစ်ပင်အရိပ်များကိုဖြတ်ကျော်ရင်း...

"ဒါနဲ့ အော်တို! ငါတို့ ဟိုကောင့်အိမ်ရောက်ရင် ဘီယာလေးဘာလေးသောက်လို့ရအောင် ဝယ်သွားရင်ကောင်းမလား

"တော်စမ်းပါ! ငါ မသောက်ချင်ဘူး။ မင်း လည်းလျှော့သောက်အုံး ငယ်ငယ်ရွယ်ရွယ်နဲ့ ဂျောင်းနေမှဖြင့်

"နည်းနည်းလောက်လေကွာ လုပ်စမ်းပါမင်းကလည်း

"မသောက်ချင်ဘူးဆို မသောက်ချင်ဘူးပေါ့၊ မင်း ဘာဖြစ်နေတာလဲ

ကျွန်တော် စိတ်မရှည်တော့လို့ မျက်ခုံးနှစ်ဖက်ကို တွန့်ချိုးရင်းပြောမိတော့...

"အဲဒါ ငါကမေးရမှာ.. မင်း ဘာဖြစ်နေတာလဲ? အရင်ကလည်း သောက်နေကျလေကွာ

"အရင်ကလည်း သောက်နေကျ" ဆိုတဲ့စကားကို ရုတ်တရက်ကြားလိုက်တော့ ကျွန်တော့် ခြေလှမ်းတွေကိုရပ်လိုက်ပြီး

"မင်း နားမလည်ဘူး ယန်ယန်! ငါ့ ခံစားချက်ကို ငါပဲသိတယ်

"ငါ နားမလည်မှန်း သိနေရင်လဲ ပြောပြလိုက်လေကွာ မင်း ဘာဖြစ်လို့လဲဆိုတာကို

မင်း ဘာမှနားမလည်ဘူးလို့ ထင်သားပဲ ငတုံးကောင်!

"ငါ ရန် နဲ့အတူရှိနေရင် အဲဒါတွေမသောက်ချင်ဘူး။ ငါ မူးသွားရင် ငါ သူ့ကိုချစ်နေတဲ့ ခံစားချက်တွေအကုန်ပေါ်လာလိမ့်မယ် အရင်ကဘယ်လောက်ပဲအတူတူ ရှိခဲ့ရှိခဲ့ ငါ့ခံစားချက်တွေကို ဖုံးကွယ်နိုင်ခဲ့ရင်တောင် အခုချိန် ငါ့ခံစားချက်တွေကို ထိန်းချုပ်ဖို့ လွယ်ကူမနေဘူးကွ မင်း နားလည်ရဲ့လား ယန်ယန်

"ဟုတ်ပါပြီ အာ့ဆို ငါလည်းမသောက်တော့ဘူး သွားရအောင်

"အင်း

ကားယူမလာတာ ဆိုးချက်ပဲ ran ရဲ့အိမ်ကိုရောက်ဖို့ ၁ နာရီကျော်သွားတယ်၊ ရောက်တော့လည်း ကျေးဇူးရှင်က မနိုးသေးဘူး အိပ်လို့ကောင်းတုန်းရှိသေး.. ကျွန်တော်တို့အိမ်ထဲဝင်ရဖို့အရေး ဖုန်းဆက်နှိုးဖို့လုပ်ရတယ်..

💔ကြွေ💔Where stories live. Discover now