16. ည

525 107 20
                                    

L&M မဂ္ဂဇင်းအဖွဲ့က ... အနုပညာနယ်ပယ်မှာ နှစ်ရှည်လများ ရပ်တည်နေနိုင်တဲ့ နာမည်ကြီးတစ်ယောက် ပိုင်ဆိုင်တဲ့ ကလပ်တစ်ခုမှာ ၁၀နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပါတီတစ်ခုကို ခမ်းခမ်းနားနား ဆင်နွှဲနေကြတယ်။ စာနယ်ဇင်းတွေဆီ အရှုပ်အရှင်းဓာတ်ပုံတွေ ပေါက်ကြားနိုင်ခြေကို လျှော့ချဖို့လည်း လုံခြုံရေး တင်းကြပ်ထားတာပေါ့။ ပွဲအတွက် ဆိုပြီး ကလပ်ကို လုံးဝ ပိတ်ထားတာမျိုး မဟုတ်ဘဲ ... L&M မဂ္ဂဇင်း အခမ်းအနားကိုက ကလပ် အပေါ်ထပ်မှာ ကျင်းပကြပြီး၊ အောက်ထပ်ကိုက ပုံမှန်ညနက်ဘဝ ပျော်ပါးချင်ကြတဲ့ လူတွေအတွက် ဖွင့်ပေးထားတယ်လေ။

လူတွေက တီးတိုး ပြောရာကနေ လူတွေ စုမိတော့ အသံတွေ ကျယ်လောင်လာသလို ... ရောင်စုံကော့တေး ဖန်ခွက်တွေကလည်း လူတိုင်း လက်ထဲမှာ ရောက်နေကြပြီလေ။ အဖြူရောင် ၀တ်စုံနဲ့ ငယ်ရွယ်တဲ့ မင်းသမီးချောလေး ဆနီတာဒါကတော့ မဂ္ဂဇင်းတိုက်ပိုင်ရှင်ကို ပြုံးပြပြီး ချီးကျူးဂုဏ်ပြုရင်း သူ့အေဂျင်စီဘက်က စီစဥ်ပေးထားသလို တန်ဖိုးကြီး ဝိုင်တစ်ပုလင်းကို လက်ဆောင် ပေးလိုက်တယ်။ အေဂျင်စီရဲ့ သဘောဆန္ဒအတိုင်း မင်းသမီး ဆနီတာဒါနောက်ကနေ တခြား နောက်လိုက် မင်းသမီးသုံးယောက်လည်း ပါလာကြသေးတယ်။

"ညီမ ... ဘာသောက်ချင်လဲ"
"သူဌေး ... တခြားဧည့်သည်တွေကို သွား နှုတ်ဆက်သင့်တယ်နော်။ အန်းက ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်ပါတယ်"
"ညီမတစ်ယောက်တည်း ရလို့လား"

အသက် ၄၀ နီးပါး ရှိတဲ့ အမျိုးသားက မာန်မာန ထောင်လွှားမှု မရှိတဲ့ မင်းသမီးငယ်လေးကို ချစ်ခင်စဖွယ် ပြုံးကြည့်နေတော့တယ်။ မင်းသမီးရဲ့ နှိမ့်ချတတ်တဲ့ အမူအရာတွေကြောင့် ဒီနယ်ပယ်မှာ အလုပ်လုပ်နေကြတဲ့ စီနီယာတိုင်းက မင်းသမီးကို သဘောကျကြတယ်လေ။ တခြား နာမည်ကြီးတွေလိုမျိုး အောင်မြင်လာတာနဲ့ အောက်ခြေကို မေ့ပြီး မလေးမစား မောက်မာတတ်တာမျိုး မဟုတ်ဘဲ မင်းသမီး အန်းကတော့ လိမ္မာရေးခြား ရှိတာ​ကိုး။

"ဟုတ်။ အန်းက ရပါတယ်။ တခြားဧည့်သည်တွေကလည်း သူဌေးကို တွေ့ချင်နေကြမှာ"
အန်းက တုံ့ပြန်လိုက်တယ်။

You've reached the end of published parts.

⏰ Last updated: 17 hours ago ⏰

Add this story to your Library to get notified about new parts!

The Secret of Us (​မြန်မာပြန်)Where stories live. Discover now