Ep-6

28 6 0
                                    

ဆောင်းညတွေကုန်ဆုံးပြီးနောက် လရောင်မျှားတဲ့ နွေညဆီ ရောက်လို့လာပြီ။

ဒီကနေ့ ညကတော့ သွေ့ခြောက်လွန်းပြီး ကန္တာရဆန်လျက်ရှိသည်။ အဇဋာတစ်ခွင် မဲမှောင်ထွေးပွေးလျက်ရှိနေကြား လင်းပြည့်ဝန်းတဲ့ သော်တာမင်းနောက်ကွယ် ဖြိုးဖြိုးဖြက်ဖြက် အလင်းကြယ်တချို့က မဟီမြေပြင်ကို ချောင်းမြောင်းကာကြည့်နေလေသည်။ လေရူးတစ်ဖြိုးတဖြတ်ကတော့ ညင်ညင်သာသာလေး ထိတွေ့နေလေရဲ့ ဒါဟာ သူ့အခန်းနဲ့ ဆက်ထားတဲ့ ဝရံတာကို ရောက်ရှိနေခြင်းသာဖြစ်တယ်။

ခြံဝင်းအပြင်ကို မျက်စိရောက်တော့ မဲမှောင်နေတဲ့ သစ်ပင်တွေကြား ဝါထိန်ထိန်လမ်းမီးတိုင်ရဲ့ ဖြာကျနေတဲ့ အလင်းအောက် ဝေရီနေတဲ့ ညအလယ်မှာ ရုတ်တရက် တိုးထွက်လာတဲ့အရာ ။ရှေ့မှာ တပိုင်းတစမြင်နေရတဲ့ အရာကို ကြည့်ပြီး သူ့မှာ ပါးစပ်အဟောင်းသားဖြစ်နေတယ်။ အတန်ကြာမှ အံ့ဩမှုကို မချုပ်တည်းနိုင်ဟန်ဖြင့် မေးခွန်းတစ်ခု တိုးထွက်လာတယ်။

"ခင်ဗျား ဘယ်သူလဲ  ဝိညာဉ်လား သရဲလား နာနာဘာဝလား မကောင်းဆိုးဝါးလား ...မဟုတ်မှ"
Renjun ပါးစပ်ကို လက်ဖြင့် ခနအုပ်ပြီး ဆက်ပြောတဲ့စကားက

"ဇွန်ဘီကြီးလား"
ဆိုတော့ ဇာတ်လမ်းတွဲ အကြည့်များပုံတန်းပေါ်တယ်။

တဖြည်းဖြည်းပေါ်ပေါ်တင်တင် ရုပ်လုံးပေါ်လာတာက
"Na Jaemin!"
ဟုတ်ပါတယ် Jaeminက Renjunတို့ခြံပြင်တဖက်က ပလက်ဖောင်းပေါ်မှာ ရပ်နေတာပါ ဝရံတာပေါ်မှာရှိနေတဲ့ သူ့ကိုလည်း မော့ကြည့်ရင်းပေါ့

"Jaemin ညနက်ကြီး ဒီမှာ ဘာလုပ်နေတာလဲ" အသံကို ပုံမှန်ထက် အနည်းငယ် ကျယ်ကာ မေးတယ် ။ ညနက်ကာနေပြီးဆိုတော့ အမေလည်း အိပ်မောကျနေလောက်ပြီ ရပ်ကွက်လည်း တိတ်ဆိတ်နေပြီ သူကျယ်ကျယ် ပြောလို့မရပါ။

ဒီလိုဆို သူအိမ်အောက်ထပ်ကို ပြေးဆင်းပြီး ခြံပြင်ကို အမြန်ပြေးထွက်မိမယ်ဆိုပေမဲ့ သူဒီလိုလုပ်ဖို့ အခွင့်မသာခဲ့ဘူး။သို့ပေမဲ့ လွယ်အိတ်ထဲ ထည့်ထားနေကျဖြစ်တဲ့ အိမ်သော့ကို ချက်ချင်းယူကာ ခြံပြင်ကို ပစ်ထုတ်လိုက်တယ်။

The First Birth Of Love:【JaemRen】Where stories live. Discover now