Ep-2

91 17 0
                                    

"ဒီနေ့ ပညာသင်နှစ်၂၀၁၈ခုနှစ်ရဲ့ ကျောင်းကောင်စီဥက္ကဋ္ဌဖြစ်တဲ့ Huang Renjunကို ဂုဏ်ပြုပါတယ်"

ကျောင်းတွင်းဟောခန်းမကြီးရဲ့ မိုက်ကနေတစ်ဆင့် ပျံ့လွင့်လာတဲ့ ဂုဏ်ပြုစကားကို hansoul ကျောင်းရဲ့uniformဆင်တူဝတ်ထားကြတဲ့ ကျောင်းသားကျောင်းသူတွေမှ လက်ခုပ်ဩဘာဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်သံဟာ ဟိန်းညံလျက်

"ကျွန်တော်ကတော့ အထက်တန်းနောက်ဆုံးနှစ် အခန်း(၁)ရဲ့ GPA 4.0ရထားတဲ့ Huang Renjunပဲ့ ဖြစ်ပါတယ်"

"ဒီရာထူးနဲ့ အညီ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ် အားလုံးကိုကျေးဇူးတင်ပါတယ်"
မိန့်ခွန်းစကားအဆုံးမှာပင် ထပ်မံမြည်ဟိန်းလာတဲ့ လက်ခုပ်ဩဘာတွေကို သူအတတ်နိုင်ဆုံး ပြုံးကာ ကြည့်တယ်
ဘယ်တတ်နိုင်ပါ့မလဲ သူ့အတွက် ကြိုးစားပေးရတာလည်း ချစ်နည်းတစ်မျိုးပါပဲ့လေ တနေ့တော့ တန်ပြန်သက်ရောက်ပါစေဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ ဘာကိုမှ ဂရုမစိုက်တတ်တဲ့ ကောင်ကလေးက အချစ်တစ်ခုတည်းနဲ့ တကျောင်းလုံးကို ဂရုစိုက်ရတော့မယ်

hansoulကျောင်းဆိုတာကလည်း seoulတစ်မြို့လုံးရဲ့ နာမည်ကြီးကျောင်းတစ်ကျောင်းဆိုတော့ သူ့အတွက် ဒါဟာ အကြီးမားဆုံး စိန်ခေါ်မှု တစ်ရပ် ဘာဖြစ်ဖြစ် လှမ်းလာခဲ့တဲ့ ခြေလှမ်းကိုတော့ ရှေ့ဆက်သွားရမှာပဲ့ သူကိုယ်တိုင်လိုလိုလားလားရူးမိုက်ခဲ့တာမို့ ဒီအတွက် သူအတတ်နိုင်ဆုံး ကြိုးစားမယ် တစ်နှစ် ..ဒီတစ်နှစ်လေးကိုပဲ့ ဒုက္ခခံလိုက်မယ် တစ်ယောက်တည်း ဒုက္ခခံရတာမှ မဟုတ်တာ
သူ့အတွေးနဲ့သူ ပြုံးကာ နောက်လှည့်ကြည့်တော့ စိတ်ကောက်နေတဲ့ chenle
.
သူငယ်ချင်းဖြစ်သူကိုလည်း အားနာပါတယ် ဒါပေမဲ့ မတတ်နိုင်ဘူးလေ သူ့ကိုပါ ဆွဲထည့်ရမှာပဲ့

"အော် Huang Renjunတို့ လုပ်တာ လုပ်တာ "

"leleကလည်း ငါတစ်ယောက်တည်းဆို ကြောင်နေမှာပေါ့ ပြီးတော့ ကျောင်းကောင်စီက လူတွေနဲ့လည်း သိတာမှမဟုတ်တာ "

"ပြီးတော့ မင်းက ကျောင်းရဲ့BBCဆိုတော့ မင်းကိုပဲ့ အားကိုးရမှာ "
"တစ်ခုခုဆို ဘယ်သူ့ကို တိုင်ပင်ရမလဲ မှမသိတာ "
"နောက်ပြီး..."
"တော်ပြီ တော်ပြီ "
နှုတ်ခမ်းထော်ကာ တရစပ် ပြောနေတဲ့ Renjunရဲ့ ပွစိပွစိသံတွေကို မခံနိုင်တော့တဲ့အဆုံး နားထင်နဲ့ လက်နဲ့ ပိတ်ပြီး chenleကပဲ့ တိကနဲ ဖြတ်ချရတယ် ဒီလိုသာ ဆက်နားထောင်နေရင် နားစည်ကွဲသွားပြီး သွေးတလိမ့်လိမ့်ကျနေရင်တောင် ဒီတစ်ယောက်က ရပ်မှာမဟုတ်ဘူး

The First Birth Of Love:【JaemRen】Where stories live. Discover now