Ep-5

36 8 0
                                    

"2019ခုနှစ်ရဲ့ သင်္ချာအိုလံပစ်ဆုရှင် Na Jaemin မှရရှိ"

ပိုစတာထက် အလှဆုံးပြုံးနေသူအား သူငေးကြည့်နေမိတာ သူကိုယ်သူ ပြုံးနေမိမှန်းတောင် သတိမထားမိခဲ့။

ဘာတွေကများ ဒီလောက်တောင် ညှို့ယူနိုင်ရတာလဲ Jaemin Shii~~

ချစ်မိပြန်တော့လည်း သူ့အတွက် ကောင်းတာလေးတွေပဲ့ ဖြည့်ဆည်းပေးချင်လိုက်တာ ကိုယ့်ဖို့တောင် ငဲ့မကြည့် ၊ သိပ်ကို ခမ်းနားလိုက်ပုံများ အရာရာအားလုံးနဲ့ ပုံအောမိတဲ့အထိပါလား။

"ချောတယ်နော်"

"အင်း.....ဟမ်!!!"

စိတ်လေလွင့်နေရာက သတိပြန်ကပ်မိတော့ သူ့ရဲ့ နောက်ကျောကနေ ထိကပ်လာတဲ့ ရင်ခွင်တစ်စုံ၊ နားထဲ တိုးဝှေ့လာတဲ့ လေငွေ့နွေးနွေးကြောင့် ရုတ်တရက် ကြက်သီးမွှေးညှင်းပါ ထသွားတယ် ။

ချက်ချင်းနောက်လှည့်ကြည့်တော့ နီးကပ်နေတဲ့ အနေအထားနဲ့ Na Jaemin .

'ဘုရားရေ သူဘယ်တုန်းကတည်းက ရောက်နေတာလဲ?'

"မင်းကလည်း လန့်လိုက်တာ အသံမပေး ဘာမပေးနဲ့ "

"ငါ့ပုံကြည့်ပြီး မင်းက ပြုံးနေတော့ ငါလည်း မင်းကြည့်တဲ့အတိုင်း လိုက်ကြည့်တာပေါ့"

"...."

"ဒါနဲ့ ပုံထဲက တစ်ယောက်က ချောတယ်နော်"

"ချောတာက ချောပါတယ် ဒါပေမဲ့ ဘာလို့လဲမသိ ငါက ပိုချောသလားလို့ "

Renjunကနေ တစ်ချက် ထေ့ငေါ့ပြီး လက်ပိုက်ကာ ရှေ့ကနေ ဦးအောင်ထွက်သွားတယ်။

ငေါ့တော့တော့နဲ့ လှုပ်စိလှုပ်စိ အတန်းထဲ ပြေးဝင်သွားတဲ့ ကျောင်းသားခေါင်းဆောင်လေးကို သူကြည့်ပြီး ပြုံးမိတယ်။ ဘာတွေများစားလို့ ယောကျာ်းလေးတစ်ယောက်က ဒီလောက်ချစ်စရာကောင်းနေရတာလဲ?
ပါဝါထူမျက်မှန်အောက်က မျက်လုံးဝိုင်း"လေးလည်း တစ်ခါလောက်တော့ မြင်ချင်မိတယ်။

The First Birth Of Love:【JaemRen】Where stories live. Discover now