"ကိုကိုရယ် လိုက်ဖို့ပြင် စိတ်ကရွယ်... ဂျွန်းနီးကိုယ်တိုင်မပိုင်သေးတော့ ခက်လှတယ်။ ကိုကိုခေါ်ရာကိုကွယ် လိုက်ခဲ့ပါမယ် ဂျွန်းဂျွန်းမပိုင်သေးလို့ပါကွယ် ကိုကိုခွင့်လွှတ်ဖို့ပြောရမယ် ဒန်..ဒန်...ဒန့်"
မထစဖူး မနက်အစောကြီးထပြီး သီချင်းလေးငြီးပြီး ဖင်လေးလှုပ်ကာ အပေါ်ထပ်ကဆင်းလာတဲ့ သားဖြစ်သူကို ချွဲလင်မယား၂ယောက် အထူးအဆန်းအနေနဲ့ကြည့်နေမိတယ်။
"သားသား"
"ဗျာ"
"ထူးထူးဆန်းဆန်း စောစောစီးစီးတွေထလို့ပါလား ဟင်"
"အဲ့တာက သားဒီနေ့ ဟိုကလေးတွေနဲ့ဘောလုံးကန်ဖို့ချိန်းထားလေးရှိလို့ပါ"
"တယ်ဟုတ်ပါလားကွ ဟမ်"
"ကလေးတွေနဲ့ဆော့ပြီးရင်လည်း စိတ်ကောက်ပြီး ပြန်မလာနဲ့ဦးနော် သားသား"
မေမေစကားကို မကျေနပ်စွာနှုတ်ခမ်းဆူမိတော့ ဖေဖေကသဘောကျစွာ ရယ်လေတယ်။
"မေမေမုန့်ထည့်ပေးလိုက်မယ် ဆော့ပြီးခဏနားရင်စားဖို့ အတူတူစားရမယ်နော်"
"ဟုတ် မေမေအကောင်းဆုံး အာဘွား"
"အော် ဝမ်းနည်းလိုက်တာကွာ ဖေဖေ့သားက သူ့အမေကိုအာဘွားတွေပေးပြီး ဖေဖေ့ကိုကျအာဘွားလေးတောင်မပေးလို့"
"ဖေဖေလိုချင်ရင် သားက ဖေဖေ့ကိုလည်းပေးမှာပေါ့ အခုကမေမေနဲ့ပိုနီးလို့ပါ ဟုတ်တယ်နော့ မေမေ"
မေမေ့ကိုပါ စစ်ကူခေါ်သလိုနဲ့ကူပြောခိုင်းတော့ မေမေကမနိုင်ဘူးဆိုသည့်သဘောဖြင့်ခေါင်းရမ်းလေတယ်။ ခဏကြာတော့ ဖေဖေလည်းအလုပ်သွားသလို သူလည်းမေမေထည့်ပေးတဲ့မုန့်ထုတ်တွေယူကာ လမ်းထိပ်ကဆော့နေကြနေရာကိုသွားဖို့ အိမ်ထဲကထွက်လာလေတယ်။
"ဟေး.. ဆန်မုန့်လုံး လက်ထဲမှာလည်း မုန့်တွေနဲ့ ဘယ်သွားမလို့လဲ"
ယောန်ဂျွန်းအိမ်ကထွက်လာချိန် ကွက်တိဆိုသလို ကိုကိုဟာလည်းအိမ်ကထွက်လာချိန်နဲ့ဆုံလေတယ်။
"လမ်းထိပ်က ဆော့နေကြနေမှာ ဟိုကလေးတွေနဲ့ဘောလုံးသွားကန်မလို့ ကိုကိုကရော စောစောစီးစီးအပြင်သွားမလို့လား"
YOU ARE READING
My Heart is yours
Fanfictionယောန်ဂျွန်းအတွက်ချစ်ခြင်းမေတ္တာဟာ ၅နှစ်ကြီးတဲ့အကိုကြီးဖြစ်သလို။ ဆူဘင်းအတွက် အသက်ဓာတ်ဆိုတာဟာလည်း ၅နှစ်ငယ်တဲ့ သူ့ဆန်မုန့်လုံးသာဖြစ်ကြောင်း။