"ကိုကို!"
"ဗျ"
"ပျင်းတယ်"
နွေပိတ်ရက်မကုန်ဆုံးသေးတာမလို့ ယောန်ဂျွန်းတစ်ယောက် အားနေပြီး ဆူဘင်းတို့အိမ်နဲ့သူအိမ်ကို ကူးချည်သန်းချည်နဲ့အဆင်ပြေနေလေတယ်။အခုလည်း ဆူဘင်းအခန်းထဲက ကုတင်ပေါ်မှောက်ယက်ကြီးအိပ်ကာ ပျင်းတယ်ထိုင်အော်နေနေတာ နာရီဝက်လောက်ရှိတော့မယ်ထင်တယ် ပုံမှန်ဆို ဆူဘင်းကအခုလိုနာပူနာဆာလုပ်တာကိုခံနိုင်လေ့မရှိပေမဲ့ အခုတော့နာပူနာဆာလုပ်သူက ယောန်ဂျွန်းဖြစ်နေတာကြောင့် ဘာမှမပြောပဲ သူလုပ်စရာရှိတာကိုဆက်လုပ်နေတာသည်။ ထိုအရာကိုသိသည့် ယောန်ဂျွန်းမှာလည်း ဒီထက်ပိုပြီးသည်းမခံနိုင်တော့ပေ။
"ကိုကိုလို့!"
"ဗျာလို့"
"ပျင်းတယ်လို့ပြောနေတာကို"
"ဆန်မုန့်လုံးရယ် ပျင်းရင်လည်းဟိုကလေးတွေနဲ့သွားဆော့ပါလား ဟင်"
*ကိုကိုကလည်း လအ သူတို့နဲ့ဆော့ချင်မှတော့ မိုးလင်းကတည်းကသူတို့ဆီပဲသွားနေမှာပေါ့ အခုက ကိုကို့နားကပ်ပြီး ကိုကိုနဲ့လျှောက်သွာချင်လို့ ကိုကို့အခန်းထဲထိရောက်နေတာကို အရိပ်ပြလည်း အကောင်မမြင်ဘူး ကိုကိုကကျောက်တုံးပဲ မဟုတ်သေးဘူး ကျောက်တုံးထက်ဆိုးတယ်တစ်ကယ်ဆို ကျောက်တုံးကမှ သူဖြစ်ချင်တာကိုသိဦးမယ် ကိုကိုကအခုထိမသိဘူး* ဟုစိတ်ထဲတွင် ပြောနေမိသော်လည်း အပြင်လက်တွေ့မှာတော့
"မဆော့ချင်ပါဘူး သူတို့နဲ့ဆော့ရင်ပိုပျင်းတယ်"
"အဲ့ဆို ပြောပါဦး ဆန်မုန့်လုံးက ဘာလုပ်ချင်တာလဲ"
"ကိုကို့ရည်းစား"
ယောန်ဂျွန်းစကားကိုကြားပြီး ကိုကိုကလုပ်လက်စအလုပ်ကို လုပ်နေရာမှရပ်ကာ အနားလာပြီး နဖူးကိုတစ်ချက်တောက်လေတယ်။
"အ! နာတယ်လေ ဘာလို့ ကိုကို့အားကြီးနဲ့ ကလေးကိုအနိုင်ကျင့်နေတာလဲ"
ကျန်တဲ့အချိန်က ကလေးမဟုတ်ဘူးဘာညာငြင်းပြီးအခုမှ ကလေးလုပ်ချင်နေတဲ့သူကို ဆူဘင်းတစ်ယောက်မျက်ခုံးတစ်ချက်ပင့်ကာ ကြည့်လိုက်မိလေတယ်။
YOU ARE READING
My Heart is yours
Fanfictionယောန်ဂျွန်းအတွက်ချစ်ခြင်းမေတ္တာဟာ ၅နှစ်ကြီးတဲ့အကိုကြီးဖြစ်သလို။ ဆူဘင်းအတွက် အသက်ဓာတ်ဆိုတာဟာလည်း ၅နှစ်ငယ်တဲ့ သူ့ဆန်မုန့်လုံးသာဖြစ်ကြောင်း။