Uni
'မင်းတို့ဘယ်က မျိုးမစစ်တွေလဲကွ.!!!!... မင်းတို့အခုလာရှုပ်နေတာ ဘယ်အဖွဲ့ဆိုတာကော သိရဲ့လား '
ရုတ်တရက် သူတို့ဆီသို့ ပျံလာကြတဲ့ကျည်ဆန်တွေ
ကြားထဲမှ တဖက်အဖွဲ့အား မည်သူမည်ဝါမှန်းကို မသိရသေး။ ဘာလို့ ရုတ်တရက်တိုက်ခိုက်မှန်းလဲမသိ ? အထူးသဖြင့် သူတို့နေရာအား ထိုသူတို့သည် ဘယ်လိုများ သိသွားကြတာလဲ ? သူအတွေးတို့ မဆုံးခင်ဝယ် အသံတခုအား ကြားလိုက်ရလေသည်။'အဲ့အလယ်ကောင်က အားကျယ်နေတဲ့ ကောင်ကလွဲရင် ကျန်တဲ့ကောင်တွေ အသေသတ် '
' Yes !!!!!'
ညာသံပေးသံအတူ အဖွဲ့နှစ်ဖွဲ့ကြား လုံးထွေးသတ်ပုတ်နေကြလေသည်။ ထိုလူအုပ်အား ဘေး
တနေရာရှိ စားပွဲခုံထက်တွင် ခြေချိတ်ထိုင်လျက် ဘောင်းဘီအိတ်ထဲမှ သကြားလုံးတလုံးထုတ်လို့စားရင်းရှုစားနေသူ Daou တယောက်ပါလေ။လက်ထဲမှ ဓားမြှောင်အား လှည့်ကစားနေရင်း မျက်နှာထက်မှ မဲပြုံးတခုသည်က သူရှေ့တွင်ဖြစ်ပျက်နေသည်များက ပြဇာတ်တခုအလား သူသည်
အေးစက်စွာ စိုက်ကြည့်နေခဲ့လေသည်။သူရဲ့ပစ်မှတ်ဖြစ်တဲ့သူအား ကြည့်နေတုန်း သူ့အားလာတိုက်ခိုက်တဲ့သူအား လက်ထဲမှ ဓားမြှောင်နဲ့တချက်အပစ် လည်တိုင်တည့်တည့်စိုက်လျှက်သား သူ့ရှေ့ ပြုတ်ကျလာတဲ့သူအား ခေါင်းတချက်သာစောင်းငဲ့ကြည့်လိုက်သည်။
'မင်းတို့လက်ရည်တွေအရမ်းကျလာတာပဲ !!! ဒီလောက်လူအုပ်ကိုတောင် ရှင်းလို့မနိုင်ဘူးလား !!!'
Daouရဲ့ ပြောစကားအဆုံး အစကထက်ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲကြောင့် Daouတယောက် ဟားတိုက်ရီမောလိုက်သည်။
'ဟား....ဟား.... ဟား.... ကောင်းလိုက်တဲ့ ပြကွက်ကွာ !! Tob !!! မင်းမပြီးသေးဘူးလား '
သူရဲ့ရှေ့မှ ပြကွက်အားရှုစားနေရင်း နားကြပ်မှတဆင့်တဖက်မှ Tobအားလဲ လှမ်းဆက်သွယ်ရလေသည်။
'ကျနော်အခုပဲပြန်လာနေပြီ P '
သူပြောနေတုန်း သူ့ဆီပြေးဝင်လာတဲ့သူအား ခါးကြားထဲမှ သေနတ်ထုတ်လို့ သေနတ်စာပေးလိုက်လေသည်။ ထို့နောက် တဖတ်လူအား ဆက်ပြောလိုက်သည်။
![](https://img.wattpad.com/cover/375939723-288-k162176.jpg)
YOU ARE READING
Behind (Bl )
FanfictionHello Everyone 🤠🤠🤠 ခုတလောFanfic တပုဒ်အရမ်းရေးချင်စိတ်တွေဖြစ်နေလို့ပေါ့နော်။ ခုတလော အဖိုးတို့အတွဲကို အရမ်းတွေ ဖောအင်လပ်နေတော့ P'Daou နဲ့ P'offroad တို့အတွက် fanfic လေးရေးချင်လာလို့ပါ။ အဖိုးကိုမာဖီးယားပုံစံလေးသွင်းကြည့်မယ်ပေါ့နော်။ အဖိုးမျက်နှာက...