My sunflower 🌻

114 13 0
                                    

"ဒီအပတ် ပိတ်ရက် အားလား Gem"

"ဟုတ် အားပါတယ် boss ကျွန်တော့်ကို ဘာခိုင်းစရာရှိလို့လဲ"

"ခိုင်းစရာမရှိပါဘူး ဒီပိတ်ရက်ကျ ငါ့မွေးနေ့လေ  မင်းနဲ့ အပြင်ထွက်ချင်လို့ မင်းအချိန်ရလားမေးကြည့်တာ"

"ရတာပေါ့ boss ရဲ့ ကျွန်တော် boss ကို အဖော်လုပ်ပေးမယ်"

"အင်း ကောင်းပြီ အလုပ်ဆက်လုပ်လို့ရပြီနော်"

မွေးနေ့တဲ့ fourth လေးက ငါ့ကို သူ့မွေးနေ့မာ အတူလျှောက်လည်ဖို့ပြောလိုက်တာလား။ အိပ်မက်များမက်နေတာလားဆိုပြီး ကိုယ့်ပါးကို နှစ်ချက်လောက်ရိုက်ကြည့်လိုက်တော့ အိပ်မက်မဟုတ်ဘူးဘဲ...။  နေပါအုန်း မွေးနေ့...မွေးနေ့ဆိုတော့ မွေးနေ့လက်ဆောင်ရော ဘာပေးရမလဲ....။

___________________

"အမေကလဲ လုပ်ပါဗျာ...နော်"

ရုံးကဆင်းတော့ ဆေးရုံသွားပြီး အမေ့ကို အပူကပ်နေခြင်း။ အမေကအရင်က ကိတ်မုန့်ဆိုင်လေးဖွင့်ဖူးတော့ ကိတ်မုန့်လုပ်တဲ့နေရာမာ ဆရာတစ်ဆူပဲ။ ဒါကြောင့် fourth လေးမွေးနေ့မာ ငါကိုယ်တိုင် မွေးနေ့ကိတ်လေးလုပ်ပေးချင်တာကြောင့် ဖြစ်သည်။ ဘာလက်ဆောင်ပေးရမလဲ တစ်နေကုန်ခေါင်းပူအောင် စဉ်းစားနေပေမယ့် အဆင်ပြေမယ့်အရာတစ်ခုမှထွက်မလာ။ အရာရာပြီးပြည့်စုံနေတယ့် fourth အတွက် တခြားလက်ဆောင်‌တွေလည်း လိုအပ်မည်မဟုတ်...။ ဒါကြောင့် မွေးနေ့ကိတ်လေး လုပ်ပေးဖို့ကိုသာ ဆုံးဖြတ်လိုက်သည်။

" သားရယ် ကိတ်တစ်ခုလုပ်ဖို့ဆိုတာ ပါးစပ်နဲ့ပြောပြီး တတ်သွားတဲ့အရာမဟုတ်ဘူး..။ သူ့အချိုးအဆနဲ့သူ ညီမျှအောင်ထည့်ရတာ။ အမေကလဲ ဆေးရုံတက်နေရတော့ သားကို ကိုယ်တိုင်လုပ်မပေးနိုင်ဘူး.."

" အမေကိုယ်တိုင်လုပ်ပေးစရာမလိုပါဘူး။ သားကို လုပ်နည်းရယ် ၊ ပါ၀င်ပစ္စည်းရယ် ၊ ထည့်ရမယ့် အချိုးအဆရယ်ပဲပြောပြလေ....လုပ်ပါအမေရယ်..ကူညီပါနော်...နော်...သားကြိုးစားပြီးလုပ်မာပါ။"

" ဘယ်သူ့အတွက်မလို့ အမေ့သားက ကြိုးစားပမ်းစား လုပ်ပေးချင်နေရတာတုန်း...ဘာလဲ ချစ်ရသူလေးအတွက်လား"

The last hope (Complete)Where stories live. Discover now