အချစ်က ငါ့ကိုသာနည်းနည်းပဲသောက်လို့ပြောတာ သူကျကြည့်အုန်း..။ ဒီတစ်ခွက်နဲ့ဆို အချစ်သောက်တာတော်တော်များနေပါပြီ။ alcohol အရှိန်ကြောင့်ထင်တယ် အချစ်ပါးလေးတွေနီရဲလို့။ ငါကတော့ မူးနေတဲ့ လူကြီးပေါက်စလေးကို ထိန်းဖို့ ဝိုင်တစ်ခွက်သာမှာပြီး အချစ်ဘေးမာ ထိုင်သောက်နေလိုက်တယ်။ winny က ကဖို့ခေါ်တာတောင် ငါ့အချစ်ကို စိတ်မချတာကြောင့် အချစ်အနားကလွဲပြီး ဘယ်မှမသွား..။ မီးရောင်စုံတွေ တဖျက်ဖျက်နဲ့ သီချင်းမြူးမြူးတွေကြားမှာ အချစ်ဟာ ကလေးတစ်ယောက်လို ဟိုကြည့်ဒီကြည့်နဲ့ ပျော်မြူးနေတယ်။ အင်းပေါ့လေ အချစ်လို ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ဒီလို ဘားတွေ၊ ကလပ်တွေ သိပ်သွားဖြစ်မာမှမဟုတ်တာ။
" မောင့်အချစ်..သောက်တာအရမ်းများနေပြီနော်"
" ဘာ ဘာဖြစ်လဲအဲ့တော့..မင်း..မင်းကဘယ်သူမို့ လာပြောနေတာလဲ"
ဟောကြည့်ကြပါအုန်းဗျာ..။ အချစ်က alcohol နဲ့မတည့်ဘူးထင်တယ်။ နည်းနည်းလေးများသွားတာနဲ့ မူးတော့တာပဲ။ ကိုယ့်ရည်းစားကိုတောင် ပြန်မေ့ရတယ်လို့။
" ခဗျား ယောင်္ကျားတဲ့.."
"ဟမ် ငါ့မာ ယောင်္ကျားရှိတယ်တဲ့...လား.."
တဖြည်းဖြည်း စားပွဲပေါ်ငိုက်ကြသွားတဲ့ အချစ်ရဲ့ကိုယ်လေး...။ စားပွဲခုံနဲ့ တိုက်မိမာကြောက်လို့ အချစ်ခေါင်းလေးအောက်ကို ငါ့လက်ကအဆင်သင့် ကာမိသွားတယ်...။
_____________________
" အချစ်...အချစ် ဘာဖြစ်တာလဲ"
" အန်..အန်ချင်တယ်"
" ဟမ် ဘယ်လိုလုပ်မလဲ....ခန..ခနအောင့်ထားအုန်း။ toilet သွားရအောင်။"
အချစ်မာ မျက်ရည်ဥလေးတွေဝဲလာတာကြောင့် ငါပြာယာခတ်သွားသည်။ နောက်တော့ အန်ချင်တယ်ပြောတာကြောင့် အချစ်ကိုယ်လေးကို တွဲပြီး toilet ဆီကို လာခဲ့တယ်။
" အော့ ...အော့"
" ရရဲ့လားအချစ်...အဲ့ကြောင့် မောင်တားတယ်လေ အချစ်ကိုအများကြီးမသောက်ဖို့။ ခုအန်နေပြီမို့လား။ အချစ်က မောင့်စကားမှ နားမထောင်ဘဲ။ မတော်လို့ နေမကောင်းပါဖြစ်သွားရင် ဘယ်လိုလုပ်မလဲ.."
YOU ARE READING
The last hope (Complete)
Fanfiction"အချစ်ကြီးသူက ရှုံးတယ်တဲ့။" ဘယ်တတ်နိုင်မလဲ... ချစ်မိသွားပြီလေ။ #geminifourth #gemini #fourth #bl