ဆော့ဂျင်ကဉာဏ်သိပ့်မပြေးပေမယ့်လိမ္မာပါးနပ်တဲ့ကလေး။အသက်13နှစ်နဲ့အလယ်တန်းစာကိုလည်းကြိုးကြိုးစားစားလုပ်တယ်။သူ့ထက်တစ်နှစ်ပဲကြီးတဲ့ပက်ခ်ဂျီမင်ကိုဆို "ကိုကိုလေး" လို့ခေါ်ပြီးပြောသမျှခေါင်းတစ်ငြိမ့်ငြိမ်နဲ့။အလုပ်ကူခအတွက်ကျောင်းပို့ပေးတာဖြစ်လို့ဆော့ဂျင်ကသိတတ်တယ်။သူ့အဘွားဖြစ်သူကြီးကြီးဝမ်ကိုလည်းအပိုဝန်မပိအောင်တတ်နိုင်သမျှကူလုပ်တယ်။စံအိမ်ကတစ်လတစ်ခါအနည်းဆုံးပါတီပေးတဲ့အချိန်ဆော့ဂျင်ကအပျော်ဆုံးပဲ
ဒီနေ့က ကိုကိုလေးရဲ့16နှစ်ပြည့်မွေးနေ့
ညနေခင်းပါတီရှိလို့စံအိမ်တစ်ခုလုံးကြိုတင်ပြင်ဆင်ရတာတွေနှင့်အလုပ်ရှုပ်နေသည်။ဆော့ဂျင်ကခြံဆင်းအလုပ်သမားတွေနဲ့ခြံထဲရှင်းလင်းတာတွေကူညီပေးရတယ်။နေ့ခင်းတစ်ဖြတ်မှာသန့်ရှင်းရေးတွေအကုန်ပြီးသွားတော့ဆော့ဂျင်ရေချိုးပြီးတာနဲ့စံအိမ်အတွင်းလိုအပ်တာတွေကူညီဖို့သွားရသည်။"သား ဘာလုပ်ပေးရမလဲကြီးကြီးဝမ်"
"ခြံထဲရှင်းတာတွေပြီးပြီလား"
"ဟုတ်ကဲ့"
"အာ့ဆိုဒီပါဆယ်ဘူးကိုသခင်လေး
ပက်ခ်အခန်းထဲယူသွားပေးလိုက်"ကြီးကြီးဝမ်ကအိမ်ရှေ့ကသစ်သားကပ်ဘော့ပေါ်တင်ထားတဲ့စက္ကူသားအမာဘူးကိုယူလာပေးသည်။ဆော့ဂျင်ပါဆယ်ဘူးကိုယူကာခပ်သွက်သွက်ပဲကိုကိုလေးရှိတဲ့အပေါ်ထပ်ခန်းကိုတက်လာလိုက်သည်။
အခန်းတံခါးကိုနှစ်ချက်လောက်ဆင့်ခေါက်အပြီးမှာ တံခါးပွင့်လာသည်။ဆော့ဂျင်အခန်းထဲဝင်သွားပြီးပါဆယ်ဘူးကိုအနားကစားပွဲပေါ်တင်ကာပြန်လှည့်တော့သူလုပ်သမျှကိုတံခါးဘောင်မှာမှီပြီးလှမ်းကြည့်နေတဲ့ကိုကိုလေး
"သွားခွင့်ပြုပါဦးနော် ကိုကိုလေး"
"နေအုံး"
တားနေမှတော့လည်းရပ်နေရအုံးမှာပေါ့
"ဟုတ်ကဲ့"
ကိုကိုလေးကစားပွဲနားကိုလျှောက်သွားပြီးပါဆယ်ဘူးထဲကအထုတ်တစ်ခုကိုဖွင့်ဖောက်နေသည်။ပါဆယ်ဘူးကဝတ်စုံတွေကြည့်ရတာဒီညပါတီမှာကိုကိုလေးဝတ်ဖို့မြို့ထဲကဒီဇိုင်နာဆီမှာထားတာဖြစ်မယ်။
