90s ဝန်းကျင်[မြို့အုပ်မင်းစနစ်]အင်ချွန်းမြို့တွင်းနဲ့မလှမ်းမကမ်းမှာရှိတဲ့လူကုန်ထံအသိုင်းအဝိုင်းတွေနေတဲ့အိမ်ယာထဲပက်ခ်မိသားစုဆိုတာမသိသူအရှားပဲ။
မြို့ရုံးကအကြီးအကဲတွေနဲ့ဆွေမျိုးမကင်းတဲ့အပြင်စီးပွားရေးလုပ်ငန်းမှာလည်းအခြားထက်နှာတစ်ဖျားသာတဲ့မိသားစုမလို့နာမည်ကြီးတယ်။ဂိမာန်တစ်ခုမှာတော့ထိုမိသားစုနေထိုင်တဲ့ စံအိမ်အတွင်းမှာကလေးငယ်နှစ်ယောက်ကသစ်ပင်ရိပ်နားတစ်ခုမှာရှိနေတာကိုစံအိမ်ထဲကကောင်လေးတစ်ယောက်ကအလိုမကျစွာလှမ်းကြည့်နေလေတယ်။
သစ်ပင်နားမှာရပ်နေတဲ့အသားခပ်ဖြူဖြူနဲ့ကောင်လေးနာမည်ကမင်ယွန်းဂီ။သူကသူ့မိဘတွေနဲ့အတူဒီစံအိမ်ကိုလာလည်တာ။ဒယ်ဒီတို့ကယွန်းဂီကိုစံအိမ်ရဲ့တစ်ဦးတည်းသောသားပတ်ခ်ဂျီမင်းနဲ့ခင်မင်စေချင်ပေမယ့်ယွန်းဂီကတော့အဲ့ကလေးကိုနည်းနည်းလေးမှကြည့်မရ။
သူသဘောကျတာကသူ့ထက်တစ်နှစ်ငယ်တဲ့စံအိမ်ကအထိန်းတော်ရဲ့မြေး
ကင်မ်ဆော့ဂျင် ကိုယွန်းဂီမတ်တပ်ရပ်နေတဲ့ဘေးမှာဆော့ဂျင်လေးက ဆော့င့်ကြောင့်ထိုင်ပြီးမြေကြီးပေါ်သစ်ခတ်နဲ့လျှောက်ခြစ်နေတာ။စံအိမ်ကကျယ်ကျယ်ဝန်းဝန်းမလို့လေတွေတိုက်တာလည်းတစ်လွင့်လွင့်ပဲ။
ဆော့ဂျင် ရဲ့ဆံပင်ကနားအောက်ရောက်တဲ့ထိရှည်နေပြီးလေတိုက်တိုင်းမျက်နှာပေါ်အုပ်သွားတတ်သည်။
ယွန်းဂီခါးအသာကိုင်းလိုက်ပြီးဆော့ဂျင်ရဲ့ဆံပင်တွေကိုနားနောက်အသာသပ်တင်ပေးလိုက်တော့ဆော့ဂျင်ကခေါင်းမော့လာပြီးကြည့်လာသည်။"သခင်လေးယွန်းဂီကအိမ်တော်ထဲမသွားဘူးလား"
"အင်း"
"အိမ်တော်ထဲမှာဆိုမုန့်တွေအများကြီးစားရတာသခင်လေးရဲ့"
ဆော့ဂျင်ကသူ့အစားပဲအားမလို၊အားမရဖြစ်သလိုပြောလာသည်။
စကားပြောရင်းမျက်လုံးလေးတွေကတစ်လက်လက်နဲ့မလို့ယွန်းဂီကြည့်နေရင်းပြုံးမိသွားသည်။
ကောင်လေးကချက်ချင်းပဲထလာပြီးဖုန်ပေနေတဲ့လက်တွေနဲ့သူ့အင်ကျီလက်ကိုဆုပ်ကိုင်လာသည်။
