"ကင်မ်ဆော့ဂျင်!!တောက်ခ်.!!"
အချိန်ခဏလေးအတွင်းဖြစ်ပျက်သွားတာတွေကမြန်လွန်းတယ်။ကိုကိုလေးသူတို့နားရောက်လာတာနဲ့သခင်လေးမင်ယွန်းဂီကိုအတင်းဆွဲထိုးတော့တာပဲ။သခင်လေးကလည်းဘယ်ငြိမ်ခံမလဲ ပြန်ထိုးတာပေါ့။
ကြားထဲကဆော့ဂျင်ကထိသွားမှာစိုးလို့ဝင်မဆွဲရဲပေမယ့်သူများတွေရောက်လာရင်ပိုကိစ္စကြီးသွားမှာကြောင့် ကိုကိုလေးရဲ့ရှပ်ကိုကိုင်ပြီးထပ်ဆင့်ထိုးနေတဲ့ သခင်လေးယွန်းဂီလက်တွေကိုသူအတင်းဝင်ချုပ်တားလိုက်သည်။နှစ်ယောက်လုံးကွာသွားတော့ဥစ္စာခြောက်တဲ့ဂျီမင်ကဆော့ဂျင်ကိုအတင်းဆွဲကိုင်ထားသည်။
ဂျီမင့်မှာ မရောင်ရဲပဲရှေ့ကမျက်နှာကိုစုတ်သွားအောင်ထိုးချင်စိတ်တွေပြင်းပြနေပေမယ့်ဆော့ဂျင်သူတို့ကြားဝင်တားလို့အဲ့မင်မျိုးနွယ်ကောင်အသားနဲ့ထိသွားတာကိုသူပိုရင်တွေပူလို့
ဂျီမင်ကသာ ဆော့ဂျင်ကိုလက်ကနေအတင်းဆွဲလာပေမယ့် ဆော့ဂျင်ကမရုန်းရှာပါဘူး။
သူ့မှာကိုကိုလေးက ဒါဆိုရင်ဒါပဲအိမ်နောက်ဘက်ကစတိုခန်းထဲကိုဆွဲခေါ်လာပြီးကိုကိုလေးကသူ့လက်ကိုဖြုတ်ချကာအခန်းထဲကပစ္စည်းတွေကိုဒေါသမပြေသလို ထုရိုက်ကန် ပြီးဖျက်စီးနေသည်။
ပြီးတာနဲ့ဆော့ဂျင်ဘက်လှည့်ကြည့်လာလို့ဆော့ဂျင်မှာတော်တော်လန့်နေပြီ။
သူအမှားဆိုလို့သခင်လေးယွန်းဂီနဲ့စကားပြောမိတာပဲရှိတာပါ အရိုက်တော့မခံရလောက်ဘူးမလားဟင်"မင်းဘာစောက်ချိူး ချိုးတာလဲကင်မ်ဆော့ဂျင်?"
"ဆော့ဂျင်ဘာလုပ်မိလို့လဲဟင်မ်"
"မင်းအဲ့ကောင်နဲ့ဘာလုပ်နေတာလဲ?"
ဆော့ဂျင်ခုနကသခင်လေးမင်ယွန်းဂီ အခြေအနေကိုပြန်တွေးမိတော့မျက်နှာပူသွာခေါင်းငုံ့လိုက်မိသည်။အဲ့အပြုအမူကိုပဲဂျီမင်ကဒေါသထွက်သွားပြီဘေးကနံရံဆီဆော့ဂျင်ကိုယ်လေးကိုဆောင့်တွန်းကပ်ထားလိုက်သည်။
"မင်းကိုအဲ့ကောင်နဲ့မပတ်သက်ဖို့ငါမပြောခဲ့ဘူးလားဟမ်??"
"....."
