Chapter 164

746 94 0
                                    


မည်သို့ပင်ဖြစ်စေ သူ့မိဘအရင်းများက  မရှိတော့သောကြောင့် နောင်အနာဂတ်တွင် သူတို့က သူ့မိဘတွေအဖြစ် ဆက်ရှိနေဦးမည်ပင်။
ကျန်းရော့သည် မကြာသေးမီက လော့ချယ်တွင် ဘာတွေဖြစ်ပျက်ခဲ့သည်ကို သူမ မသိခဲ့ချေ။ လော့ချယ်က လိမ်မာပြီး သိတတ်သည့်ကလေးတစ်ယောက်ဖြစ်ကြောင်း သူမအမြဲလိုလိုသိနေခဲ့သောကြောင့် ထိုစကားကို သူမကြားလိုက်ရသည့်အခါ စိတ်လက်ချမ်းသာစွာဖြင့် ပြုံးပြလာပြီး "အမေသိပါတယ် ကုမျန်က အကောင်းဆုံးလို့ပြောရင် အမေမနာလိုဖြစ်မှာစိုးနေတာလား သားအဆင်ပြေနေသရွေ့ အမေ မနာလိုဖြစ်စရာ အကြောင်းမရှိပါဘူး သားရဲ့အဖေနဲ့အမေက အခု ပိုက်ဆံမပြတ်နေဘူးလေ အမေတို့အတွက် သားစိတ်ပူနေစရာမလိုပါဘူး"
လော့ချယ် အသံတီးတိုးပြုလိုက်သည်။

မူလက ကျန်းရော့ကို သူက သူမ၏သားအရင်း ဟုတ်မဟုတ် မေးချင်ခဲ့သော်လည်း ယခုတော့ မမေးချင်တော့ပေ။

သူ့မွေးနေ့ပွဲကိုကျင်းပပေးရန် သားဖြစ်သူက သူ့ချစ်သူကောင်မလေးကို ခေါ်ဆောင်လာခြင်းကြောင့် ဤသည်က လော့ချန်အတွက် အလွန်ပျော်ရွှင်စရာကောင်းသော လေးဆယ့်ကိုးနှစ်မြောက် မွေးနေ့ဖြစ်ခဲ့သည်။
သူ့သားရဲ့ချစ်သူက သူ့ရဲ့ idol ပဲ။

လောကကြီးမှာ ဒီထက်ပိုပျော်ရွှင်စရာကောင်းတာ ရှိသေးလို့လား။

လော့ချန်၏အမြင်မှာတော့ ဘာမှမရှိပါချေ။ လက်ရှိအနေအထားကို သူအရမ်းကျေနပ်၏။

သူ့စိတ်ပျက်မှုတွေ၊ နာကျင်မှုတွေ အားလုံး ပျောက်ကွယ်သွားပြီး ယခုချိန်တွင် သူသည် ပျော်ရွှင်မှုကိုသာ ခံစားရတော့သည်။
တစ်မိသားစုလုံးက အရမ်းပျော်ရွှင်ပြီး အရမ်းနွေးထွေးနေခဲ့သည်။

ကုမျန်က လော့ချန်ကို လက်ဆောင် နှစ်ခု ပေးခဲ့သည်။ သူဘာကြိုက်လဲဆိုတာ သူမ မသိသောကြောင့် အထူးပြုလုပ်ထားသည့် တရုတ်စစ်တုရင်တစ်စုံအပြင် ပြီးခဲ့သောအကြိမ်က ရိုက်ကူးထားသည့် လူထုအကျိုးပြုဓာတ်ပုံတစ်ပုံကို ပေးခဲ့ပြီး ဓာတ်ပုံပေါ်၌ သူမ၏လက်မှတ်ကိုလည်း ရေးထိုးပေးထားသည်။

လက်ဆောင်နှစ်ခုတွင် အထူးပြုလုပ်ထားသည့် တရုတ်စစ်တုရင်သည် ပို၍စျေးကြီးကြောင်း သိသာထင်ရှားသော်လည်း လော့ချန်သည် သိသိသာသာပင် ကုမျန်လက်မှတ်ရေးထိုးထားသော ဓာတ်ပုံကို ပိုနှစ်သက်လေသည်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now