Chapter 165

750 99 0
                                    


လော့ချယ် သူ့လက်ထဲတွင် စာရွက်ပါးပါးလေးအနည်းငယ်သာ ကိုင်ထားသော်လည်း ထိုစာရွက်များ၏ အလေးချိန်မှာ တစ်တန်ထက် ပိုများနေဟန်ရှိသည်။

သူ အောက်ငုံ့၍ ထိုစာရွက်များကို ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောမိချေ။

ဤကိစ္စက အရေးကြီးလွန်းသောကြောင့် မစ္စတာချန်းသည် မတူညီသည့်ဆေးရုံလေးခု၌ DNA စစ်ဆေးမှု လုပ်ခဲ့သည်။

အခြားDNAနမူနာများမှ ရလဒ်များထွက်လာရန် ရက်အနည်းငယ်ကြာလိမ့်မည်ဖြစ်ပြီး ဤတစ်ခုက အစောဆုံးဖြစ်သည်။
သို့သော် သူ ဆရာဝန်နှင့် တိုင်ပင်ခဲ့သည်။ ‌သုံးသပ်ချက်က ခြောက်နာရီအတွင်း၌ ရနိုင်ခဲ့သော်လည်း တိကျမှုက ယုံကြည်စိတ်ချရဆဲဖြစ်ကြောင်း ဆရာဝန်က ပြောခဲ့သည်။

တစ်နည်းအားဖြင့် သူ့ရှေ့တွင်ရှိနေသည့် လော့ချယ်သည်
အမှန်တကယ်ပင် သူ့မြေးဖြစ်၏။

အဘိုးချန်းသည် လော့ချယ်၏ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာပြီး သူ့လက်မောင်းကို ညင်သာစွာပုတ်၍ စိတ်အားထက်သန်စွာ ကြည့်လာပြီး"ကလေး၊ ငါက မင်းအဘိုးပဲ"

ထိုသို့ပြောသည့်အချိန် Mr.ချန်း၏ အသံသည် တုန်ယင်နေသည်။
ထိုနေ့အား သူမည်မျှစောင့်မျှော်ခဲ့ရသည်ကို ဘုရားသခင်သာ သိလိမ့်မည်ပင်။

သူ မရေမတွက်နိုင်သော အခက်အခဲများကို ကြုံတွေ့ခဲ့ရပြီး မရေမတွက်နိုင်သော မျှော်လင့်ချက်များနှင့် စိတ်ပျက်မှုများကို ကြံ့ကြံ့ခံခဲ့ရသည်။ သူ အကြိမ်ပေါင်းများစွာ စိတ်ပျက်ခဲ့ရပြီး မျှော်လင့်ချက်ကို စွန့်လွှတ်တော့မည့်အချိန်တွင် လော့ချယ်သည် နောက်ဆုံး၌ ပေါ်လာခဲ့သည်။

သူမည်မျှ စိတ်လှုပ်ရှားရသည်ဆိုတာ ဘယ်သူကမှ နားမလည်နိုင်ပါချေ။ ၎င်းက စကားလုံးများဖြင့် ဖော်မပြတတ်လောက်အောင်ပင်။

နောက်ဆုံးတွင် ဘုရားသခင်သည် သူ့ကို သနားကြင်နာနေဆဲဖြစ််ပြီး သူ၏တစ်ဦးတည်းသောသားစဉ်မြေးဆက်ကို ရှာတွေ့စေခဲ့သည်။

သူ့မြေးသေသွားပြီဟု လူတိုင်းက ထင်ကြသည်။ လွန်ခဲ့သည့် ဆယ်စုနှစ်,နှစ်ခုလောက်တည်းက သူ့မြေးအားရှာဖွေခြင်းကို ဘယ်သောအခါကမှ မရပ်တန့်ခဲ့သော်လည်း တကယ်တမ်းတော့ သူပင်လျှင် ကလေးသေသွားပြီဟု နက်နက်ရှိုင်းရှိုင်း တွေးနေမိခဲ့သည်။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now