Chapter 166

1.1K 136 3
                                    


"တစ်လလောက်ကြာရင်၊ အဘိုး ခမ်းခမ်းနားနားပွဲကြီးတစ်ခုကျင်းပပြီး ဟောင်ကောင်က ပင်မမီဒီယာတွေကို ဖိတ်ခေါ်လိုက်မယ် မင်းကို ဟောင်ကောင်က အထက်တန်းလွှာတွေအားလုံးနဲ့ မိတ်ဆက်ပေးမယ်၊ မင်းက အဘိုးရဲ့မြေးဆိုတာကို လူတိုင်းကို အသိပေးမယ်"
သူက ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြော၏။ "မင်းက အဘိုးရဲ့မြေးဖြစ်တဲ့အတွက် အဘိုးရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်ကြောင်း လူတိုင်းသိစေဖို့ လော့ချယ်ကနေ ချန်းချယ်ဆိုပြီး မင်းရဲ့မျိုးရိုးနာမည်ကိုလည်း ပြောင်းရလိမ့်မယ်"

----

ကုမျန် မိတ်ကပ်လိမ်းပြီးသည့်အခါ လော့ကျစ်ယွီနှင့်တွေ့ပြီး စကားစမြည်ပြောခဲ့ကြသည်။

လော့ချယ်၏ဝမ်းကွဲသည် စကားပြောကောင်းသည်။ သူသည် အေးဂျင့်တစ်ယောက်အဖြစ် ထမင်းတစ်ပန်းကန်စားရန်(အလုပ်,လုပ်ရန်) မွေးဖွားလာခဲ့သူပင်။

လော့ချယ်အထဲဝင်လာတော့ လော့ကျစ်ယွီက အော်သည်။"အဲဒီအဘိုးကို မင်းဘာပြောလိုက်လဲ မင်းတို့နှစ်ယောက် စကားပြောနေတာ တော်တော်ကြာတယ် မြန်မြန်လုပ် မိတ်ကပ်လာလိမ်း ငါတို့ မင်းကိုစောင့်နေတာ"

လော့ချယ် ကုမျန်အနားတွင်ရပ်လိုက်ပြီး သူမပုခုံးပေါ်  သူ့လက်တင်၍ လော့ကျစ်ယွီကို ပြောလိုက်သည်။"မင်း ငါနဲ့မျန်းမျန်အတွက် ဒါရိုက်တာကို ခွင့်သွားယူပေး ငါတို့ ဒီနေ့ ရိုက်ကူးရေးမလုပ်ဘူး"

လော့ကျစ်ယွီ အံ့အားသင့်သွားရပြီး "ရိုက်ကူးရေးမလုပ်ဘူးလား ဟေး၊ မဟုတ်ဘူး၊ ငါပြောမယ်ဝမ်းကွဲ၊ မင်း ဒီမနက်ကပဲ ခွင့်တစ်ခါယူထားပြီးပြီ ဘာလို့ အခု ခွင့်ထပ်ယူဦးမယ်လဲ"

လော့ချယ်က သာမန်ပုံစံဖြင့် "ငါ ဒီနေ့ ခွင့်ယူထားပြီးပြီဆိုတော့ တစ်ရက်လုံးတောင်းလိုက်တော့မယ်"

လော့ကျစ်ယွီ လော့ချယ်ကိုကြည့်လိုက်မိရင်း "ဝမ်းကွဲ၊ မင်း ဘာလို့ ရုတ်တရက်ကြီး ရိုက်ကူးရေးမလုပ်ချင်ရတာလဲ"

လော့ချယ် ဖျော်‌ဖြေရေးနယ်ပယ်ထဲသို့ ဝင်ရောက်ပြီးနောက် သူသည် အမြဲလိုလိုပင် အလုပ်ကိုသာ ဇောက်ချလုပ်ကိုင်ခဲ့သည်။အလုပ်တိုင်းကိုလည်း အလေးအနက်ထားခဲ့၏။ အချိန်ဇယားပဋိပက္ခများနှင့် ကြော်ငြာများ ရိုက်ကူးခြင်းမှလွဲ၍ သူသည် ဘယ်သောအခါကမှ အားလပ်ရက်မယူခဲ့ပေ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now