ကိုကိုချစ်ဖို့ကျွန်တော်ကြိုးစားမည်။
ကိုကို့ယောက်ျားဖြစ်ဖို့ ကျွန်တော်ကြိုးစားမည်။
ယောက္ခမကြီး ဦးဘုန်းမြတ်ရဲ့သား သော်တာဘုန်းမြတ်ကို ကျွန်တော်မျှော်မှန်းသည်။ပုံ#လူရည်ချွန်
.........ကျွန်တော်က ဦးလေးရဲ့ သားမက်ဖြစ်ချင်တာ......
ယခုအချိန်မှာ သော်တာဘုန်းမြတ်က သူငယ်ချင်းဖြစ်တဲ့ ကောင်းချမ်းငြိမ်းနဲ့အတူ ကားကွင်းမှာရောက်နေတာဖြစ်သည်။
" ချမ်းငြိမ်း ၊ လူကမလာသေးဘူးလား ငါတို့ရောက်နေတာ နာရီဝက်မကတော့ဘူး''
" ခဏလေးပါကွာ ၊ ငါ အိမ်ကို ဖုန်းဆက်ကြည့်လိုက်ပါအုန်းမယ်''
နေပူရှိန်က နေ့လည်ခင်းတစ်နာရီအချိန်မို့ အလွန်အမင်းပူပြင်းလှပြီး သော်တာဘုန်းမြတ်၏ ဖြူဝင်းအိစက်သည့် အသားအရည်လေးက နီထွေးရဲစက်နေ၏။
ချမ်းငြိမ်းက ခပ်လှမ်းလှမ်းမှာ ဖုန်းပြောနေပြီဖြစ်ကာ သော်တာက နီရဲနေသောမျက်နှာကို သက်သာအောင် နံ့သာခေါက်ယပ်တောင်နဲ့ တဖျပ်ဖျပ်ခတ်ရင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။
အသားညိုညိုနဲ့မဲမှောင်အောင်ဝတ်ဆင်ထားသော ဆံပင်ကောက်ကွေးနဲ့ ခပ်ငယ်ငယ်ကောင်လေးကို မြင်ပြီး သော်တာအလွန်ပင်အံ့အားသင့်သွားရသည်။
" ဒီလိုနေပူကျဲကျဲကြီးအောက်မှာ မှောင်ကျနေအောင်ဝတ်ဆင်ထားရဲတဲ့ သတ္တိကမသေးဘူး''
" ဘာတွေပြောနေတာလဲ သော်သော်''
တစ်ကိုယ်တည်း ပြောနေသော သော်တာဘုန်းမြတ်ရဲ့ အနားကိုရောက်လာပြီး မေးလိုက်သည်က ကောင်းချမ်းငြိမ်းဖြစ်သည်။
" ဟင့်အင်း..ဘာမှမဟုတ်ပါဘူး ၊ အန်တီမှုံက ဘာတဲ့လဲ ''
" ငါ့ညီဝမ်းကွဲရဲ့ပုံစံက အသားညိုတယ် ၊အနက်ရောင်ဝတ်ထားတယ်၊ ပြီးတော့ လူမှားစရာမလိုအောင်ကိုကောက်ကွေးတဲ့ဆံပင်နဲ့တဲ့ လေ၊ ဆိုတော့ အဲ့ပုံစံမျိုးကိုရှာရမှာပေါ့''
" ငါ့အထင် မင်းရဲ့ညီဝမ်းကွဲက ဟိုနားကတစ်ယောက်ဖြစ်လောက်တယ် ''
D&Gတံဆိတ်အိတ်အနက်ကိုလွယ်ထားပြီး ခရီးဆောင်အိတ်အမည်းရောင်ရဲ့လက်ဆွဲကိုင်းကိုကိုင်ထားတဲ့စမတ်ကျကျရပ်နေသည့်နက်ဆွေးနေသော ကောင်လေးတစ်ယောက်ကို သော်တာက မေးငေါ့ပြရင်း ချမ်းငြိမ်းကို ပြောလိုက်သည် ။
YOU ARE READING
ကျွန်တော်က အန်ကယ့်ရဲ့သားမက်ဖြစ်ချင်တာ
Romanceဦးဘုန်းမြတ်... "ငါ့သားမက်ဖြစ်ချင်တာ ဘယ်သူတဲ့လဲ?'' လူရည်ချွန်... ''ကျွန်တော်ပဲ ကျွန်တော်ပဲ''