" ဟဲလို မစ္စတာဦးကျောက်ခဲ ''
ဖုန်းတစ်ဖက်မှ ကြားလိုက်ရသည့် လှောင်ပြောင်ကျီစယ်သံကြောင့် ဦးကျောက်ခဲ၏ မျက်နှာက ရှုံ့တွသွားရသည်။
" ဖအေကြီး..တော့်သားဆီက ဘာတဲ့လဲ ''
ဒေါ်ရွှေမိ၏ စကားကိုပင် ဦးကျောက်ခဲက ဘာမှပြန်မပြောဘဲ ဖုန်းနဲ့နားကို လင်မယားလိုမျိုး ပူးကပ်ထား၏။
ထို့နောက် ရင်ထဲဝမ်းနည်းနေတဲ့အသံနဲ့ သားဖြစ်သူကို ပြန်မေးလိုက်သည်။
" မင်းအဆင်ပြေရဲ့လား ထန်းလျက်ခဲလေး ''
-ပြေတယ် အဖေ၊ အဖေစိတ်မပူနဲ့နော်။
" ငါက စိတ်ပူတယ်လို့ ပြောမိလို့လား ''
-ဟာ..အဖေကလည်းဗျာ
"အဖေကလည်းမဗျာနဲ့ ၊ ကားပေါ်တက်ခါနီးမှာ မင်းငါ့ကို ပြောသွားတာကို ငါ့မမေ့ဘူး''
- ဟာ..ဖေဖေအံ့ကျော်ကြီးကလည်း ၊ ကဲကဲ ဒါဆိုရင် ဒေါ်ရွှေမိနဲ့ပဲပြောတော့မယ်ဗျာ
"ဟေ့..ငါ့မိန်းမဖြစ်တဲ့ မင်းရဲ့အမေက အိပ်နေပြီ ''
" ဘယ်မှာအိပ်လို့လဲ ကျွန်မဒီမှာ ငုတ်တုပ်ကြီးရှင့်အနားမှာထိုင်နေတယ်လေ''
ဒေါ်ရွှေမိက ဘေးကနေ ဖုန်းကိုဆွဲလုရင်း ဦးကျောက်ခဲကို ရန်တွေ့လေသည်မို့ ဖုန်းတစ်ဖက်မှ လူရည်ချွန်က တခွီးခွီးရယ်သည်။
-အဖေနဲ့အမေကို သားလွမ်းတယ်
စပီကာဖွင့်ချိန်မှာ ကြားလိုက်ရသည့် အသံသြသြလေးနဲ့စကားတစ်ခွန်းကြောင့် ဦးကျောက်ခဲရောဒေါ်ရွှေမိပါ ခဏတာငြိမ်သက်ပြီး မျက်ရည်ဝဲသွားရသည်။
ထို့နောက် မိသားစုစကားဝိုင်းလေးဟာ အချိန်တော်ကြာအောင်အထိ မပြီးဆုံးပေ။
.................
ရက်သတ္တပတ်ကြာပြီးနောက်တွင် ကျောင်းလည်းဖွင့်နေပြီဖြစ်တာမို့ ကျောင်းဝန်းထဲမှာ အဖြူနဲ့နက်ပြာရောင်အရိပ်တွေဟာ ပြည့်နှက်နေတော့သည်။
ကျောင်းဝန်းအတွင်းရှိ အရိပ်ရသစ်ပင်အချို့မှာ ကပ်လျက်ပြုလုပ်ထားသည့် သစ်သားအဝိုင်းပတ်ကွပ်ပျစ်လေးတွေဟာ ကျောင်းသားကျောင်းသူတွေအတွက် ယာယီနားခိုရာလေးဖြစ်၏။
YOU ARE READING
ကျွန်တော်က အန်ကယ့်ရဲ့သားမက်ဖြစ်ချင်တာ
Romanceဦးဘုန်းမြတ်... "ငါ့သားမက်ဖြစ်ချင်တာ ဘယ်သူတဲ့လဲ?'' လူရည်ချွန်... ''ကျွန်တော်ပဲ ကျွန်တော်ပဲ''