သော်တာဘုန်းမြတ်က ဦးဆင့်နဲ့အတူ ဒယ်ဒီ့ဆီသို့ ထွက်လာခဲ့သည်။
အနက်ရောင်ရှပ်အင်ကျီနဲ့ ကာကီရောင်စတိုင်ပန့်ကို ဝတ်ထားပြီး ပုံသွင်းမခံရတဲ့ဆံပင်တွေက ခပ်အုပ်အုပ်ကလေးဖြစ်နေသော သော်တာဘုန်းမြတ်၏ ပုံစံက လူကြီးယောင်ဆောင်ထားတဲ့ ကလေးလေးနဲ့တူနေ၏။သော်တာဘုန်းမြတ်ရဲ့ မျက်ဝန်းတွေက ယခုခေတ်မှာ လူပြောများနေတဲ့ ကြောင်မျက်ဝန်းဆိုသည့်အမျိုးအစားဖြစ်ကာ နှာတံထင်းထင်းနဲ့ နူတ်ခမ်းကမထူမပါးလေးမို့ အလွန်ချောသည့်အထဲမှာပါသည်။
မျက်တောင်စိပ်စိပ်လေးနဲ့မျက်ခုံးထူထူလေးကြောင့် သော်တာဘုန်းမြတ်ရဲ့အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းမှာ အလှဆုံးဆိုလျှင် မျက်လုံးဟူ၍ ပြန်ဖြေရမည်ပင်။
" သခင်လေး .. ကုမ္မဏီကို ရောက်ပါပြီ ''
မှေးစက်နေတဲ့ သခင်လေးက မျက်လုံးတွေကို ဖြည်းညှင်းစွာ ဖွင့်လာပြီး ခေါင်းလေးညိတ်ကာ အဝတ်အစားကို သပ်ရပ်အောင်ပြင်လိုက်သည်။
ဦးဆင့်က ကားပေါ်ကနေ အရင်ဆင်းပြီး တံခါးကိုလာဖွင့်ပေးတဲ့အခါ အနက်ရောင်ကြိုးသိုင်းစလစ်ပါလေးကို စီးထားသော ဖြူဥနေတဲ့ခြေဖဝါးတစ်ဖက်က အရင်ဆင်းလာခဲ့သည်။
" သခင်လေး.. ကျွန်တော့်ကို ခွင့်ပြုပါဦး''
ဦးဆင့်ကို တစ်ချက်ကြည့်ကာ သော်တာဘုန်းမြတ်က ခေါင်းလေးညိတ်ပြလိုက်သည်။ သော်တာဘုန်းမြတ်က စကားနည်းသူဖြစ်တာမို့ ဒီအပြုအမူတွေကို လူအချို့က ''မာနကြီးတယ်'' ဟုသတ်မှတ်ကောက်ချက်ချကြသည်။
PNM Group ရဲ့ ဝင်ပေါက်က ပတ်လည်မှန်တံခါးတွေကို ကျော်ဖြတ်လာသည့် သော်တာဘုန်းမြတ်ကို ဝန်ထမ်းများစွာက အရိုအသေပေးဦးညွတ်ကြသည်။
" သူဋ္ဌေးလေးကို CEO က ရုံးခန်းထဲမှာ စောင့်ပေးဖို့ မှာထားပါတယ်၊ အခုလောလောဆယ် CEO က အရေးပေါ် အစည်းအဝေးလုပ်နေလို့ပါ''
ဒယ်ဒီ့အတွင်းရေးမှုးဖြစ်တဲ့ ကိုကျော်မှူးရဲ့စကားကို သော်တာဘုန်းမြတ်က ခေါင်းလေးညိတ်ပြကာ နားလည်ကြောင်း အမူအရာပြပြီး ရုံးခန်းရှိရာ ငါးလွှာသို့ ဓာတ်လှေကားကနေတစ်ဆင့် တက်လာခဲ့လိုက်သည်။
YOU ARE READING
ကျွန်တော်က အန်ကယ့်ရဲ့သားမက်ဖြစ်ချင်တာ
Romanceဦးဘုန်းမြတ်... "ငါ့သားမက်ဖြစ်ချင်တာ ဘယ်သူတဲ့လဲ?'' လူရည်ချွန်... ''ကျွန်တော်ပဲ ကျွန်တော်ပဲ''