အပိုင်း(၁)
ရန်ကုန်မြို့ကြီးကတော့ ထုံးစံတိုင်းပင် သွားလာစည်းကားနေလျက် လမ်းမတစ်လျှောက် ပြေးလွှားနေတဲ့ယာဉ်တွေ ရေတွက်လို့ပင်မရနိုင် ပလက်ဖောင်းပေါ်လဲ လူငယ်လူလတ်ပိုင်းတွေ ထီးလေး၊လွယ်အိတ်လေးတွေနဲ့ သွက်"လတ်" ရှိနေသည်။ဒီနေ့နေသာနေသားဘဲ ရန်ကုန်သူ/သားတွေအတွက်တော့ ဒီလိုမိုးကုန်ဆောင်းအကူး ရာသီဥတုက အရမ်းကိုနေလို့ကောင်းတယ်ဆိုရမှာပင် ထိုအထဲမှာမှ ချွေးတွေ တဒီး"နဲ့ ယပ်တောင်တယပ်ယပ်နဲ့ ybs ပေါ်က မိန်းကလေး ၂ ဦး
"ရှေ့မှတ်တိုင်မှာ ဆင်းမဲ့သူပါလား" ybsမောင်းနေသည့်ဦးလေးက လှမ်းမေးတော့မှ သက် ပူအိုက်နေသည့်ကြားက
"ပါတယ်နော် ဦးလေးရေ" သက်ကိုယ်ကသေးပေမဲ့ အသံကတော့အောင်ပါ့ ဘေးကထိုင်လာတဲ့ သူတွေကလဲ တကြည့်ကြည့် ထူးဆန်းနေမှာ သေချာတယ် မထူးဆန်းဘဲနေမလား သက်တို့က အေးတဲ့ရှမ်းပြည်ကလာတာကို
"ပူလိုက်တယ် လမင်းရယ် နင့်ကိုကြည့်တာမပူဘူးလားဟ sneaker ကြီးနဲ့ ခြေအိတ်ပါ ဝတ်ထားသေးတယ်"
သက်မှာသာ ချွေးတွေသုတ်လိုက် ယပ်တောင်ခတ်နေသာ လမင်းမ က ငြိမ်ချက်ကောင်းသား
"မပူဘဲနေမလား နင်ကလဲ ရောမရောက်ရင် ရောမလိုကျင့်တဲ့ မကြားဖူးဘူးလား သည်းခံရမယ်ဟဲ့ "
လမင်းပြောတာကလဲဟုတ်ပေမဲ့ သက်ကတော့ မနေနိုင်ပါ တစ်ကယ်ကိုအပူဒဏ်မခံနိုင်တဲ့သူမို့ တစ်ခါတစ်လေ ငိုချင်းချလိုက်ချင်သား
"ယခုရောက်ရှိမဲ့မှတ်တိုင်ကတော့ ရွှေဂုံတိုင် မှတ်တိုင်ဘဲဖြစ်ပါတယ်ရှင့်" သက်တို့ဆင်းရမဲ့မှတ်တိုင်ရောက်တော့ နှစ်ယောက်သားခပ်သွက်"ဆင်းရင်း လက်ထဲလဲ မုန့်ထုပ်တွေမနိုင်မနင်း ၂ကောင်သား အကောင်သေးပြီးပိန်တော့ ဝေးဝေးကမြင်လျှင် ရယ်ချင်စရာလေးဖြစ်နေမှာ အသေအချာပင်
"ငါတို့ သောကြာနေ့မနားရဘူးလား လမင်း happy Friday လေးဖြစ်မယ်ထင်တာကိုကွာ"
ညည်းညူနေတဲ့ သက်ကို လမင်းက ပေစောင်းစောင်းကြည့်ရင်း
"နားရမလား time table ကြည့်အုံး ငါတို့field ဆင်းရမှာ ဆက်တိုက်ဘဲ ငါအသားလေးတွေတော့ မည်းတော့မှာဘဲ ကျွတ်ကျွတ်"
YOU ARE READING
🌸ချယ်ရီကိုသာယုံပါကွယ်🌸
RomanceIntro အချစ်ဆိုတဲ့အရာက ထိတွေ့လို့ရမှ မြင်နေရမှ ပြောပြနေမှ သိနိုင်တာလား ကိုယ်တိုင်ယူဆထားတဲ့ အချစ်တွေကရော ဘယ်လိုတွေတောင် ကွဲပြားခြားနားနေရတာလဲ "ကိုယ်တို့လက်ထပ်ကြရအောင်"တဲ့ ကျွန်မအမြဲကြားချင်နေခဲ့တဲ့စကားလေးတစ်ခွန်း ဒါပေမဲ့ ကျွန်မဘာလို့ တွန့်ဆုတ်နေရတာလဲ...