"ပစ္စည်းတွေကုန်ပြီလား သမီး ကျန်သေးလား"
"ကုန်ပြီ ဖေဖေ "
ကျောင်းဆောင်ရှေ့တွင် အထုပ်အပိုးများ သေတ္တာများကို ထုပ်ပိုး ကားပေါ်တင်နေကြရင်း အားလုံးအလုပ်ရူပ်နေကြသည် ကိုယ်တာဝန်ကျသည့်မြို့ကို သွားကြရတော့မည်မို့ တချို့က ပျော်နေကြပြီး တချို့က အလွမ်းသယ်နေကြသည်
"သက် မမနှင်းကို မကြာမကြာဖုန်းဆက်နော်"
"ဟုတ် မမနှင်း မင်္ဂလာဆောင်ကျ ဖိတ်အုံးနော် မမေ့နဲ့"
"ဟာ ဒီကလေးတော့ ဘာတွေလျှောက်ပြောနေတာ"
မမနှင်းနှင့်နူတ်ဆက်ပြီး ကိုယ်စီကားပေါ်တက်လာကြရာ လမင်းကိုလည်း သက်တွေ့လိုက်သည် လမင်းဟာ သက်ကိုမတွေ့သည်လား တမင်မမြင်သည်လား သက်မသဲကွဲပါ လမင်းအိမ်က မည်သူမှ လာကြိုသည်ကိုမတွေ့မိပါ သက်ကြားသည်တော့ လမင်းဟာ အဘွားနှင့်သာ ကြီးပြင်းလာသည်မို့ မိဘတွေဘယ်ရောက်နေမှန်း သူမကိုယ်တိုင်လည်းမသိဘူးဟုသာ ဆိုသည်
လမင်းသည် ရှမ်းပြည်တောင်ပိုင်းဘက် တာဝန်ကျတော့ ရှမ်းပြည်ကိုဘဲပြန်လျှောက်ပုံရ၏ သက်သည်လည်း ရှမ်းပြည်မှာမွေးသောကြောင့် ရှမ်းပြည်က အငွေ့အသက်ကိုသာ ပိုနှစ်ခြိုက်ရာ မွေးရပ်ဇာတိဖြစ်သည့် လားရိူးမြို့ကိုသာ လျှောက်လွှာတင်ခဲ့သည်
ဒီသူနာပြုသင်တန်းကျောင်းကြီးနူတ်ဆက်ခဲ့ရပြီ
သက်တို့ဟာ တစ်ထောင့်တစ်လမ်းမှာ ခဏတာ ရေစက်ပါလို့ ဆုံကြရတာဘဲမဟုတ်လား လမင်းအပေါ်လည်း မုန်းတီးစိတ်တွေမထားလိုပါ သက်ကိုလဲ မမုန်းဖို့မျှော်လင့်မိသည်တရွေ့ရွေ့မောင်းထွက်သွားသည့် ကားပေါ်တွင် သက်အတန်ကြာ တခုခုကိုတွေးတောရင်း ငြိမ်နေတာကြောင့် မေမေက
"နန်း အဲ့ကောင်လေးက နားသိပ်မကြားဘူးဆို "
"အင်း ဟုတ်တယ် မေမေ"
"မေမေ အများကြီးမမေးပါဘူး သမီးလည်း ပညာတတ်တဲ့မိန်းကလေးတစ်ယောက်ဘဲ ဘယ်လိုလူမျိုးကိုဘဲရွေးရွေး မေမေ မတားဘူး တစ်ခုဘဲ သမီးပျော်ရွှင်နေတာ သေချာရင် မေမေ စိတ်ချပြီ"
YOU ARE READING
🌸ချယ်ရီကိုသာယုံပါကွယ်🌸
RomanceIntro အချစ်ဆိုတဲ့အရာက ထိတွေ့လို့ရမှ မြင်နေရမှ ပြောပြနေမှ သိနိုင်တာလား ကိုယ်တိုင်ယူဆထားတဲ့ အချစ်တွေကရော ဘယ်လိုတွေတောင် ကွဲပြားခြားနားနေရတာလဲ "ကိုယ်တို့လက်ထပ်ကြရအောင်"တဲ့ ကျွန်မအမြဲကြားချင်နေခဲ့တဲ့စကားလေးတစ်ခွန်း ဒါပေမဲ့ ကျွန်မဘာလို့ တွန့်ဆုတ်နေရတာလဲ...