သက်ဘေးတွင် တခြားသူတွေအများကြီးရှိသည်မို့
လက်ကိုအမြန်ပြန်ရူတ်လိုက်ကာ မျက်စောင်းများပိတ်ထိုးပေးလိုက်သည်ဤအခြေအနေကို နားမလည်သော မရွှေကတော့ ကြောင်အံအံဖြစ်သွားရပေမယ့် သက်လဲမရှင်းပြမိခဲ့ပါ
သူကဆရာဝန်ပေါ့လေ စိတ်ညစ်လိုက်တာ သက်ကမသိဘဲ ကားမရပ်ဖို့သွားပြောလိုက်သေးသည်အဲ့အကောင် သက်ကိုနောက်ကွယ်မှာ ဘယ်လောက်တောင် ဟားတိုက်နေမလဲ
ဆေးရုံမှာ ဒီလောက် ရုံတွေများတာ သွားပါလား ဟိုအရိုးဆောင်တို့ ဘာလို့ သားဖွားဆောင်ကိုမှလည်း
ဒီအရိုင်းအစိုင်းရှိနေသရွေ့တော့ သက်နေ့တိုင်းအသက်တိုရတော့မည်ထင်ပါသည်"ဟား ဟား ဟား ရှိန်းရာ မင်းဟာက အစမ်းကြီး
မင်းကိုပြန်ပြောရဲတဲ့ ဆရာမကို မနက်ဖြန်သွားကြည့်ဦးမှ""မင်းက ဘာကိစ္စသွားကြည့်မှာလဲ"
"ဟဟ ဘာလဲ အူတိုမနေနဲ့ဟျောင့်"
"ငါက အူတိုစရာလား အဲ့အစွာကြီးကို "
"အေးပါ ခုတော့ပြောထားပေါ့ ဒါရေစက်လို့ခေါ်တယ်သိလား အရမ်းထက်ပြီး ဖူးစာတောင်ဖြစ်နိုင်တယ်ကွ"
ဖူးစာလားဘာလားတော့မသိ ရှိန်းနှင့်သူမဆုံတိုင်း
ဒီလိုတွေ ဖြစ်နေတာက တစ်မျိုးလေးရင်ခုန်စရာကောင်းသည် ရှိန်းနှင့်အတူတူလားရိူးဆေးရုံမှာ တာဝန်ကျသည့် သူငယ်ချင်းဖြစ်သူ မောင်ဒေါင်းကတော့ ရှိန်းတို့အဖြစ်အပျက်ကို နားထောင်ရင်း တဟားဟားရယ်နေဆဲပင်<<<<<<<<<<<<<>>>>>>>>>>>>>>>
"ကို စောင့်နေတာကြာပြီလား"
"မကြာသေးပါဘူး သက်လေးရဲ့ ထိုင်လေ
သက်တို့ OG ကို ဂျူနီယာလေးတွေရောက်တာလား ""အင်း သူနာပြုတွေမဟုတ်ဘူး ကိုကို ဆရာဝန်ပေါက်စတွေ"
"အဟွတ် ဟုတ်လား ခုမှကျောင်းဆင်းတွေထင်တယ်"
"အင်း ကြည့်ရတာသက်ထက်တောင်ငယ်သလိုဘဲ "
သက်က ရှမ်းခေါက်ဆွဲအရမ်းကြိုက်တာကိုတော့ ကိုကိုမှတ်ထားသည်ထင်၏ ခုဆိုင်ရောက်သည်နှင့် ခေါက်ဆွဲက အဆင့်သင့်စားဖို့ မှာထားတာကြောင့်
သက်ဘယ်လောက်မှ မစောင့်လိုက်ရ
သက်လဲ အနည်းငယ်အံ့ဩသွားပေမယ့် ကိုကို့ကိုတော့ဘာမှမမေးလိုက်မိပါ
YOU ARE READING
🌸ချယ်ရီကိုသာယုံပါကွယ်🌸
RomanceIntro အချစ်ဆိုတဲ့အရာက ထိတွေ့လို့ရမှ မြင်နေရမှ ပြောပြနေမှ သိနိုင်တာလား ကိုယ်တိုင်ယူဆထားတဲ့ အချစ်တွေကရော ဘယ်လိုတွေတောင် ကွဲပြားခြားနားနေရတာလဲ "ကိုယ်တို့လက်ထပ်ကြရအောင်"တဲ့ ကျွန်မအမြဲကြားချင်နေခဲ့တဲ့စကားလေးတစ်ခွန်း ဒါပေမဲ့ ကျွန်မဘာလို့ တွန့်ဆုတ်နေရတာလဲ...