Intro အချစ်ဆိုတဲ့အရာက ထိတွေ့လို့ရမှ မြင်နေရမှ ပြောပြနေမှ သိနိုင်တာလား ကိုယ်တိုင်ယူဆထားတဲ့ အချစ်တွေကရော ဘယ်လိုတွေတောင် ကွဲပြားခြားနားနေရတာလဲ "ကိုယ်တို့လက်ထပ်ကြရအောင်"တဲ့ ကျွန်မအမြဲကြားချင်နေခဲ့တဲ့စကားလေးတစ်ခွန်း ဒါပေမဲ့ ကျွန်မဘာလို့ တွန့်ဆုတ်နေရတာလဲ ကျွန်မ ကိုကို့ကိုမချစ်ခဲ့တာလား ဟင့်အင်း သေချာတာတစ်ခုက ကိုကို့ကို သနားခဲ့တယ် ကိုယ့်ကိုတစ်ယောက်ယောက်နဲ့ယှဉ်ရွေးခံရတာတို့ ယှဉ်ပြောခံရတဲ့အဖြစ်မျိုးတွေဆို ကျွန်မကသိပ်မုန်းတာ ခုတော့ ဘာလို့ကျွန်မကိုရွေးချယ်ခိုင်းနေရတာလဲ ဘုရားသခင် "နန်း အဲ့ကောင်ကိုချစ်တာမဟုတ်ပါဘူး နားမကြားတဲ့ကောင်ဆိုတော့ နန်းကသနားနေတာလေ "ဒါဟာ ရွဲ့ပြောနေတာလဲဟုတ်သလို အမှန်တရားတွေကိုပြောနေတာလဲဟုတ်မယ် ကျွန်မ မှားသွားတာလား အဲ့နေ့ ဟုတ်တယ် အဲ့နေ့သာ ကိုကိုနဲ့ မျက်လုံးချင်းမဆုံမိခဲ့ရင်