မောင့်ထံပါး အပိုင်း ( ၆ )

2.8K 184 45
                                    

ထင်စျေးဝယ်နေတုန်း မေမေ့ဆီက
ဖုန်းဝင်လာတာမို့ မောင်လည်းမသိတုန်း
ကိုင်လိုက်တဲ့အချိန် မေမေက ငိုနေတာကြောင့်
ထင် ရင်ထိတ်သွားကာ .....

" သား သားလေး "

" မေမေ ဘာဖြစ်တာလဲ
ဘာဖြစ်လို့လဲဟင် ကျွန်တော်ကို
လန့်အောင်မလုပ်ပါနဲ့ ပြောပါဦး "

" မေမေ့ဆီ လာခဲ့ပါဦးသားရယ်
သား ဖေဖေ သားဖေဖေကို ရဲတွေ
ဖမ်းသွားကြပြီ ~ Cry "

" ဗျာ !!! "

ထင် လက်ထဲက စျေးခြင်းတောင်းကြီး
ပြုတ်ကျသွားတဲ့အထိ အံ့ဩတုန်လှုပ်သွားတယ် ။။

" မေမေ မငိုနဲ့ ကျွန်တော်လာခဲ့မယ်
စောင့်နေနော် ကျွန်တော်လာခဲ့မယ် "

ထင် စျေးခြင်းတောင်းကိုလည်း
သတိမရမိတော့သလို တွေ့ရာ
ကားကို တားပြီးအိမ်အရင်ပြန်လာခဲ့လိုက်သည် ။

မောင့်ကိုအကျိုးကြောင်းတော့ပြောပြရဦးမည် ။။။

" ကားဆရာ ကျွန်တော့်ကို
မြန်မြန်လေး မောင်းပေးပါ "

ထင် ဖင်တကြွကြွနှင့်သာ အလောကြီးနေမိတယ်
ဖေဖေတို့ခွင့်မပြုတဲ့ကြားက ထင်ဟာ မောင့်ကို
ယူခဲ့သည့်အတွက် ဖေဖေက ထင့်ကိုအမွေပြတ်
စွန့်လွှတ်သည်ဟု ကြွေးကြော်ကာ အိမ်ရိပ်ကိုပင်
ပေးမနင်းစေခဲ့ ။ မာမီနှင့်လည်း ထိုမျှကတည်းက
အဆက်သွယ်မလုပ်ရတာ ခုနမတိုင်ခင်ထိပေမို့
ထင်အရမ်းစိုးရိမ်ကာ စိတ်ပူနေမိတာကြောင့်
ချွေးပင်ပျံနေသည် ။

ခြံရှေ့မှာ ကားရပ်တာနဲ့ ကားသမားကို
ခဏစောင့်ခိုင်းကာ အမောအသောနဲ့
ခြံထဲကို ဝင်လာတော့ မောင်က
ကော်ဖီတခွက်နှင့်သာ ။

ဆေးလိပ်ပေါင်းများစွာကလည်း
မောင်ထိုင်နေသည့်အောက်မှာ ပွစာ
ကြဲလို့နေသည် ။ ထင်ဒီအချိန်မှာ မောင်နှင့်
ပြိုင်မပြောလိုသေးတာမလို့ လိုရင်းကိုသာ
ပြောဖို့လုပ်လိုက်တယ် ။။

" ကောင်လေး "

မောင်က သူ့ရဲ့အလောတကြီး
စိတ်လှုပ်ရှားနေတဲ့ပုံစံကိုတောင်
ဘာဖြစ်လာသလဲ စိတ်မဝင်စားသည့်နှယ် ......

" ကောင်လေး ကိုယ်ပြောစရာရှိလို့ "

မဲ့ပြုံးတွေနဲ့ မော့ကြည့်လာတဲ့
မောင့်အကြည့်တွေကြားမှာ သူထင်သလို
မဖြစ်ဖို့သာ ဆုတောင်းမိသည် ။။

မောင့်ထံပါးWo Geschichten leben. Entdecke jetzt