မောင့်ထံပါး အပိုင်း ( ၈ )

1.2K 131 27
                                    

ထင်မောင့်အတွက် အစာနဲ့ဆေးတွေဝယ်ပြီးတာနဲ့
ကားငှါးကာ မေမေ့အိမ်ကိုမောင်းခိုင်းလိုက်သည် ။

မေမေတော့ သူ့ကိုတွေ့ရင်
မနေ့ကချက်ချင်းရောက်မလာလို့
ရိုက်နှက်ကာ ငိုလေဦးမည်လား မသိ .....

သူထင်သလိုဟုတ်နေခဲ့ရင်ရော
ဖေဖေ့ကို သူဘယ်လိုမျက်နှာပြရမလဲမတွေးတတ်

သူတွေးရင်းတွေးရင်း လမ်းထိပ်ရောက်လာသဖြင့်

" ဟိုရှေ့က ပန်းတွေစိုက်ထားတဲ့
အိမ်ရှေ့မှာရပ်ပေးပါနော် ဦးလေး "

" ဟုတ်ကဲ့ "

ထင်ကားလေးရပ်တာနဲ့ ကားပေါ်ကဆင်းကာ
ကျသင့်ငွေရှင်းပေးပြီး အိမ်ထဲဝင်လာခဲ့သည် ။

" မေမေ ကျွန်တော်လာတယ် "

ထင်ဧည့်ခန်းထဲကနေ အသံပြုတော့

" သား မေ့သားလေး ! Cry "

ထင်မီးဖိုဆီက ဝှီးချဲပေါ်က
မေမေ့နားလေးပြေးသွားကာ

" ကျွန်တော်လာတာနောက်ကျသွားတယ်
မေမေ မငိုနဲ့တော့နော် သားလာပြီလေ
ဖေဖေရော ဘယ်မှာလဲ အဆင်ပြေရဲ့လား
ဘာဖြစ်သွားပြီလဲဟင် "

ထင် မေမေ့မျက်ရည်တွေသုတ်ပေးရင်း
မေးတော့ မေမေက ထင့်လက်တွေကို
အားကိုးတကြီးဆုပ်ကိုင်လာရင်း .....

" အဟင့် သားလေး သားအမျိုးသားဆီက
မေမေတို့ ပိုက်ဆံလေးချေးထားလို့ရမလား "

" ဗျာ ဘာလို့လဲ မေမေ "

" သားဖေဖေက ရှယ်ယာတွေပြန်မလျော်
ပေးနိူင်ရင် ထောင်ကျမှာတဲ့သားရယ် အခု
ဖေဖေက အချုပ်ထဲမှာ မေမေ မနက်က
သွားတွေ့ပြီးပြီ သားကိုလဲမျှော်နေရှာတယ်
သားသွားတွေ့လိုက်ပါဦး "

" ကျွန်တော့်ကို စိတ်မဆိုးတော့ဘူးလားဟင် "

" ဪ သားရယ် စိတ်ဆိုးလဲခဏပေါ့ကွယ် "

" သားသွားလိုက်ပါမယ် မေမေစိတ်မပူနဲ့နော် "

" ပိုက်ဆံကိစ္စရော မေမေတို့ဘယ်လိုလုပ်
ကြမလဲမေမေတို့မှာ ခုဘာမှမရှိတော့ဘူး
ရှိတာတွေအကုန်ရောင်းပြီး အကြွေးတွေဆပ်
ပေးလိုက်ရပြီဒီအိမ်လေးပဲ ကျန်တော့တယ်
သားရယ် ဒီအိမ်တော့မေမေမရောင်းချင်ဘူး
ရိပ်ကလေးကဒီအိမ်လေးကိုသိပ်သဘောကျတာ "

မောင့်ထံပါးDonde viven las historias. Descúbrelo ahora