ဧည့်ခံပွဲက ပြန်လာပြီးနောက်မှာ
မောင်က ထင့်ကို အိမ်မှာချပေးခဲ့ပြီး
ပြန်ထွက်သွားလေသည် ။" အကိုလေး ဒါအကိုလေးတို့နေရမယ့်
အခန်းပါ အကိုလေး အကျီတွေလဲ
ကျွန်တော်အကုန်ဗီဒိုထဲထည့်ပေးထားပြီးပြီ ။
ရေချိုးပြီး အနားယူလို့ရပါပြီသူဌေးက
ကုမ္ပဏီကကိစ္စလေးရှိလို့ပြန်ထွက်သွားတာပါ
နောက်ကျမှာမလို့ မစောင့်ပဲ
အိပ်နှင့်လိုက်ပါအကိုလေး "*မောင်တော့ခင်ဗျားလေးကို
မြန်မြန်လက်ထပ်ပြီး
မဂ်လာဦးညကိုရောက်ချင်ပြီ* မဂ်လာဦးညဆိုတာ ဒါလားမောင် *
ထင်စိတ်ထဲမှာတော့ သောကတွေတပုံတပင်
ရှိနေပေမယ့် အပြင်ပန်းမှာတော့ အပြုံးလေးနဲ့ပဲ
ခေါင်းငြိမ့်ကာ အခန်းထဲဝင်လာခဲ့လိုက်သည် ။ထင် ဝမ်းနည်းနေသည် ။
နားမလည်သည့်ကိစ္စရပ်များကိုလဲ
မောင့်နှုတ်က ဖွင့်ဟလာသည်ကို ကြားချင်သည် ။စိတ်တွေမအေးချမ်းနေတာကြောင့်
လူအေးချမ်းဖို့ ရေချိုးနေလိုက်သည်မှာ
တစ်နာရီမက ......... ။တနေလုံးဘာမှ မစားရသေးတာကြောင့်
ဆာလောင်နေတဲ့ဗိုက်ကိုဖြည့်ရန်
အောက်ဆင်းလာတော့ မောင့်အတွင်းရေးမှူး
ကောင်လေးက မပြန်သေးပေ ။" အကိုလေး ဘာလိုလို့လဲ
ကျွန်တော် ဘာလုပ်ပေးရမလဲ "" ရတယ် ရတယ် အကိုဗိုက်ဆာလို့
ဆင်းလာတာ ကိုယ့်ဖာသာလုပ်လိုက်မယ်
နောက်ကျနေပြီ ဗညားလဲပြန်တော့လေ "" အဆင်ပြေရဲ့လား အကိုလေး "
ဗညားဘာကိုမေးချင်သလဲ ထင်
ကောင်းကောင်း သဘောပေါက်ပါလျက် ။" ပြေတယ် ဗညားပြန်လိုက်တော့
ညီမလေးကိုလဲ ကျူရှင်ကြိုရဦးမှာလား
နောက်ကျနေမယ် သွားတော့ "" ဒါဆို ကျွန်တော်ပြန်တော့မယ်
အကိုလေးကောင်းကောင်းနေရစ်ပါ "ထင်ခေါင်းငြိမ့်ပြလိုက်တာနဲ့ ထိုကောင်လေး
အိမ်ထဲမှ ခပ်သုတ်သုတ်ထွက်သွားတော့တယ် ။
မောင်နဲ့ ရည်းစားဘဝတုန်းက ချိန်းတွေ့တဲ့အချိန်
တွေတိုင်း မောင်ကအလုပ်ကိစ္စပေါ်လာလို့ဆိုပြီး
ထိုကောင်လေး လာခေါ်တဲ့နောက်ပြန်ပါသွားတာ
ခပ်များများရယ်သာ ။ မောင့်ဆီကနေ
ထိုကောင်လေးအကြောင်းသာမက ထိုကောင်လေးရဲ့
မိသားစုအကြောင်းတွေပါ သိခဲ့ရတယ် ။
ESTÁS LEYENDO
မောင့်ထံပါး
Romanceလူတွေက အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ တစ်ယောက်ကို တစ်ယောက် Trauma တွေလက်ဆင့်ကမ်းနေကြတာပဲ ......... " စိတ်နာတယ်ဆိုတာလည်း လွယ်လွယ်လေးမဟုတ်ဘူး မောင် " #17.9.2024 __________________ လူတွေက အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ တစ်ယောက်ကို တစ်ယောက် Trauma တွေလက်ဆင်...