Prologue

17 6 6
                                    

အဲ့နေ့ညကိုကျွန်တော်သိပ်မှတ်မိတယ်
မိုးတွေသည်းထန်စွာရွာနေသလို လေပြင်းတွေကလည်းတိုက်ခက်လျက်ပင်။ သစ်ပင်တွေမှာလွှင့်ထွက်မတတ်။ ထိုအချိန်မှာလည်း ခြံကြီးတစ်လုံးထဲကအိမ်တော်ကြီးထဲမှာ ကျွန်တော်နဲ့ကျွန်တော့်ချစ်ရသူဟာ တစ်ယောက်ကိုတစ်ယောက် ထသတ်မတတ်ရန်ဖြစ်နေကြသတဲ့။

" တော်လိုက်တော့နော် ယွန်းဂျယ်ဟျော့!!"

" မတော်နိုင်ဘူးကွာ! ဆာဟီ မင်းကလက်ထပ်ပြီးသားလေ ။ မင်းမှာငါရှိနေတယ်လေ"

" ဟား...မင်းဟာသတွေသိပ်ပြောတယ်နော်
မင်းဘာမင်းအတ္တကြီးပြီးငါ့ကိုဇွတ်အတင်းယူခဲ့တာ မဟုတ်ဘူးလား? မင်းငါ့ခံစားချက်တွေကိုရော ဂရုစိုက်ခဲ့ဖူးလား"

" မင်းကိုငါချစ်တယ်လေ ဘာလို့ဂရုစိုက်နေရမှာလဲ"

" အင်းလေ"

....

" မင်းဂရုမစိုက်ပါဘူး...ဘယ်တော့မှလည်းဂရုစိုက်လာမှာမဟုတ်ဘူး"

ကျွန်တော့်ကိုကြည့်နေတဲ့သူ့ရဲ့မျက်လုံးတွေက နာကျည်းမှုတွေပြည့်နှက်လို့ပင်။ မျက်လုံးအိမ်တွင်ပြည့်နက်နေသောအရည်ကြည်လေးတွေဟာ စီးကျလာသည်။

" ဆာဟီ..."

" မခေါ်နဲ့"

သူ့လက်ကိုလှမ်းကိုင်လိုက်သောကျွန်တော့်လက်ကိုသူရိုက်ချပြစ်လိုက်သည်။ စားပွဲပေါ်ကကားသော့ကိုယူကာတစ်နေရာထွက်သွားသည်။

မတားဘူးလားလို့မေးကြမယ်ထင်ပါရဲ့....မတားရဲပါဘူး။ ကျွန်တော်တားရင်ဒီရန်ပွဲဒီထပ်ပိုကြီးနိုင်မယ်ထင်တယ်။ ကျွန်တော့်စကားတွေလည်းလွန်ခဲ့သလို သူ့စကားတွေဟာလည်းမမှားခဲ့ဘူးလေ။ ဟုတ်တယ် ကျွန်တော့်ကသူ့ကိုအတင်းလုယူခဲ့တာ အတင်းလက်ထပ်ခဲ့တာပဲ။

ကဲပါ....အစကနေရှင်းပြတာပေါ့

🦋🦋🦋🦋🦋🦋🦋🦋🦋

ဘီဘီပြန်လာပါပီရှင်🥳 ဂျယ်ဆာဟီလေးနဲ့ fic မတိုမရှည်လေးတင်ပေးပါတော့မယ်ရှင့်။ မျှော်နေတဲ့သူရောရှိရဲ့လားနောㅜㅜ စာတွေအရမ်းပိပြီးမအားတဲ့ကြားကရေးပေးမှာမလို့ support ပေးကြပါအုန်းနော်👊🏻🤍 Please look forward to this🤞🏻

𝙻𝚘𝚟𝚎 𝚘𝚛 𝚑𝚊𝚝𝚎?Where stories live. Discover now