Ep/2

11 3 9
                                    

သိပ်ချိုသာလှတဲ့အသံလေးနဲ့သီချင်းဆိုပြတဲ့အခါ ကျွန်တော့်ရင်တွေသေမတတ်ခုန်ရသည်။

" ဆာဟီကတော်လိုက်တာ။ ဒီသီချင်းကိုကိုယ့်ဟာကို produce ထားတာတဲ့လား"

" အရမ်းမမြှောက်ပါနဲ့ဗျာ"

" ကျွန်တော်ကတကယ်ပြောတာပါဗျ ဆာဟီသာသီချင်းထုတ်လိုက်ရင်အောင်မြင်ပီပဲ"

" ဖြေးဖြေးပြောပါအုန်း ဂျယ်ဟျော့အဲ့လိုမပြောလည်းကျွန်တော်ကမုန့်ကျွေးဖို့ပြင်ထားပီးသားပါ"

" ဘယ်လို?"

" နောက်တပတ်စနေကကျွန်တော့်မွေးနေ့လေ ကျောင်းအပြန်မုန့်သွားစားရအောင်လေ"

ကျွန်တော်သိပ်ပျော်ခဲ့ရသည်။ သူ့မွေးနေ့မှာသူနဲ့နှစ်ယောက်ထဲလျှောက်သွားရမယ်တဲ့လား...မလက်ခံရင်ကျွန်‌တော်အရူးဖြစ်သွားမာ‌ပေါ့

" ဟုတ်ပီလေ သွားကြတာပေါ့"

--------------


အဲ့နေ့တုန်းက ဆာဟီက‌ယောင်္ကျားတစ်ယောက်နဲ့ရီမောပျော်ရွှင်နေတာကိုကျွန်တော်မြင်ခဲ့ရသည်။ ရင်ထဲတဆစ်ဆစ်နဲ့နာကျင်ရသည်။ ကျွန်တော့်ကိုပဲအဲ့လိုပြုံးပြစေချင်တယ်။

" ဟေ့ကောင်! ငါတို့ခေါ်တာရောကြားရဲ့လား"

" ဟင်..."

" မင်းအဲ့ကျောင်းသားသစ်ကိုငေးနေတာခုနထဲက...ငါတို့ခေါ်တာတောင်မကြားဘူး"

" ဆော်ရီး ။ ဘာပြောမို့လဲ?"

" မင်းရိုးရောရိုးရဲ့လား။ မင်းသူ့ကိုကြိုက်နေတာမလား"

" မင်းကလည်းပေါက်ကရတွေ"

" အမယ်အမယ် သူရှက်နေပြီ။ ငါပြောတာမှန်တယ်မလား"

" ဟုတ်တယ်ကွာ..."

" အတည်ပေါ့..."

" အတည်ပေါ့ကွာ"

" အဲ့တာဆိုတစ်ခုခုလုပ်တော့လေကွာ...အခုတောင်ပြိုင်ဘက်ကပေါ်လာပီလားမသိ"

" အေးပါ.."

။။။။။။။။။။

School rooftop ကခုံတန်းလေးပေါ်မှာတစ်ယောက်ထဲထိုင်နေတဲ့ ဆာဟီဆီကိုဖြေးဖြေးချင်းလမ်းလျှောက်လာသည်။ ဆာဟီက သူ့နားထဲကနားကြပ်လေးကိုဖြုတ်ကာမော့ကြည့်တော့ဂျယ်ဟျော့ကိုမြင်ရသဖြင့် အနည်းငယ်ပြုံးပြသည်။

" ဂျယ်ဟျော့...ထိုင်လေ"

သူ့ဘေးကနေရာလွတ်လေးကိုပုတ်ပြကာထိုင်ခိုင်းသည်။

" မနက်က ဆာဟီကိုမြင်လိုက်တယ်"

" ဟုတ်လား လာနှုတ်ဆက်တာမဟုတ်ဘူး"

" ဆာဟီ တစ်ယောက်ယောက်နဲ့စကားပြောနေတာနဲ့ မနှောင့်ယှက်ချင်တာပါ။ lockers တွေနားမှာပြောနေကြတာ...သူငယ်ချင်းလားဗျသူက?"

ဂျယ်ဟျော့သိချင်စိတ်ကိုထိန်းမရပါ။ သူတောင်မထိန်းလိုက်နိုင်ပဲမေးမိသွားသည်။

" စေ့စပ်ထားတဲ့လူလေ"

" ဗျာ"

ကမ္ဘာတစ်ခုလုံးပြိုလဲကျသွားသလိုပဲ။ သိပ်ချစ်ရတဲ့ဆာဟီကစေ့စပ်ပြီးသားတဲ့လား...ဟင့်အင်းလက်မခံနိုင်ပါဘူး။

" ယိုရှီနိုရီတဲ့ ဂျပန်မှာထဲကမိဘချင်းသဘောတူထားကြတာ"

" အော် အဲ့လိုကိုး။"


" ဆာဟီ"

" ဗျာ?"

" ဒီနေ့ချိန်းထားတဲ့ကိစ္စကျွန်တော်မလိုက်နိုင်တော့ဘူး ကိစ္စလေးတစ်ခုရှိလို့။ ဆာဟီစေ့စပ်ထားတဲ့လူနဲ့ပဲအချိန်ဖြုန်းလိုက်ပါ"

" ခင်ဗျာ..?"

သူ့စကားတောင်ဆက်နားမထောင်ပဲကျွန်တော်အဲ့နေရာကထပြန်လာခဲ့တယ် ။ ဘာပဲဖြစ်ဖြစ်စေ့စပ်ပြီးသားလူနဲ့လျှောက်သွားလည်းသူ့နှလုံးသားထဲမှာ အဲ့ယိုရှီနိုရီ ဆိုတဲ့ ယောင်္ကျားပဲရှိနေမှာမလား ။ ကျွန်တော်ကတော့သူ့နှလုံးသားထဲရောက်ဖို့မပြောနဲ့ စိတ်ထဲတောင်ရှိပါ့မလား ။

အဲ့နေ့ကမှတ်မိသမျှဆို
အတန်းတွေဖျက်ပြီးအိမ်တန်းပြန်ခဲ့တယ်။ အိမ်ရောက်ပီးအခန်းထဲရောက်တာနဲ့တွေ့သမျှပစ္စည်းတွေပြစ်ပေါက်မိခဲ့တယ်။ ဒေါသထွက်လို့ပီးတာနဲ့နံရံကိုမှီထိုင်ပြီးငိုချမိသွားတာပဲ။ သူ့အတွက်ဆိုပီး၀ယ်ခဲ့တဲ့လက်စွပ်လေးကိုဘူးထဲကထုတ်ကြည့်ပီး ဘူးလေးကောလက်စွပ်လေးကောကိုအဝေးကိုလွှတ်ပြစ်လိုက်သည်။ ခနလေးအတွင်းမှာတင်သူ့ကိုအဲ့လောက်ထိစွဲလမ်းခဲ့တာ။

အဲ့နေ့ကသာ...အဲ့နေ့ကသာသူနဲ့မတွေ့ခဲ့ရင်ကျွန်တော်အခုလိုပြိုလဲနေမှာမဟုတ်ဘူး။ ရက်စက်တဲ့လုပ်ရပ်ကိုလည်းလုပ်ဖြစ်ခဲ့မယ်မထင်ဘူး။

----------------------
To be continued^^

ကဲကဲ ဇာတ်လမ်းစပြီနော်
အပိုင်းလေးတွေကတော့ အရင်ကဟာတွေထပ်စာရင်အများကြီးပိုတိုသွားပါတယ် ။
ဘီဘီဦးနှောက်လည်းကုန်ခံနီးဖြစ်နေပါပီ🤷🏻‍♀️

Thanks for reading and don't forget to vote နော်ချစ်တို့✨

𝙻𝚘𝚟𝚎 𝚘𝚛 𝚑𝚊𝚝𝚎?Where stories live. Discover now