Ep/3

1 0 0
                                    

ဆာဟီတို့အိမ်ကငှားထားခဲ့တာကျွန်တော်သိခဲ့ပီးနောက် ပိုင်ရှင်ဆီကို ပိုက်ဆံအိတ်တစ်ခုနဲ့ကျွန်တော်သွားပြီးအဲ့အိမ်ကို၀ယ်ယူခဲ့တယ်။ မ၀ယ်ခင်လည်း ဆာဟီတို့မိသားစုရဲ့အခြေအနေကိုစုံစမ်းပြီးသားပေါ့...အရင်အိမ်ကိုမတတ်နိုင်တော့လို့ ကျွန်တော်တို့ခြံကြီးဘေးကအိမ်အသေးလေးကိုငှားပီးလာနေကြတာ။

" ဒီမှာစာချုပ်ပါ,Mr.Yoon"

" ကျေးဇူး"

စာချုပ်ကိုယူကာ ဖုန်းထုတ်ပီးတစ်ယောက်ယောက်ကိုဖုန်းဆက်လိုက်မိသည်

" ဟယ်လို?"

" ဆာဟီလား?"

" ကျွန်တော့်ဖုန်းကိုခေါ်ထားမှတော့ကျွန်တော်ပေါ့ဗျ"

" ခနလောက်တွေ့ရအောင် လမ်းထိပ်က caféကိုလာပေးလို့ရမလား"

" လာခဲ့ပါ့မယ်"

သူ့ကိုထိုင်စောင့်ရင်းကျွန်တော့်လုပ်ရပ်မှန်ရဲ့လားပြန်တွေးမိတယ် ။ ကျွန်တော့်လုပ်ရပ်ကြောင့်သူကျွန်တော့်ကိုမုန်းသွားမှာတော့သေချာတယ် ။ ဒါပေမဲ့သူ့ကိုပိုင်ဆိုင်ဖို့အတွက်လုပ်သင့်လုပ်ထိုက်တာတော့လုပ်ရမှာပဲ ။

" ရောက်နေတာကြာပြီလား?"

သူ့အသံကြောင့် အတွေးများနေတာတွေခနတာရပ်ကာသတ္တိမွေးလိုက်သည်။

" ဒီမှာ"

စာချုပ်ကိုစားပွဲပေါ်တင်ပေး‌လိုက်သည်

" ဒါက...?"

ဆာဟီကစာချုပ်ကိုတစ်ချက်ကြည့်ကာ ခနတာငြိမ်သက်သွားသည်။

" ကျွန်တော်တို့အိမ်စာချုပ်?..."

" ဂျယ်ဟျော့မှာဘယ်လိုရှိနေတာလဲဟင်"

" ကျွန်တော်၀ယ်လိုက်တာ..."

" ဗျာ"

"၀ယ်လိုက်တယ်? ဘာအကြောင်းအရင်းကြောင့်များလဲ"

" ချက်ချင်းနှင်ထုတ်ပြစ်လို့ရတာသိတယ်မလား ။ ပီးတော့ကိုယ်ကကျောင်းအုပ်နဲ့လည်းရင်းနှီးတယ် တစ်ခုခုပြောတာနဲ့ ဆာဟီကျောင်းထွက်ရဖို့သေချာတယ်မလား"

ဒီကျောင်းကိုသူ့မိခင်ကကြိုးစားပမ်းစားဖြင့်ရှာ‌ဖွေပြီးထား ထားရတဲ့အတွက်ဒါဟာလည်းသူ့အားနည်းချက်တစ်ခုပဲ ။

" ဂျယ်ဟျော့...ကျွန်တော့်ကိုဘာပြောချင်တာလဲ"

ခြိမ်းခြောက်နေတာသိပေမဲ့ တည့်မမေးရဲပေ။

" ကိုယ်နဲ့လက်ထပ်နိုင်မလား"

" ဗျာ.."

" မင်းရော မင်းမိသားစုရောကိုအခုထပ်ပိုကောင်းအောင်ထားနိုင်တယ် ။ မင်းကိုလည်းအမြဲပျော်နေစေရမယ်လို့ကတိပေးပါတယ် "

" ဒါဆို ဂျယ်ဟျော့ကခြိမ်းခြောက်နေတာပေါ့လေ ။ တောင်းဆိုမှုကိုငြင်းရင်..."

" မင်းကနားလည်မြန်တာပဲ"

" ဂျယ်ဟျော့ကဒီလိုလူမျိုးဖြစ်လိမ့်မယ်လို့ ထင်တောင်မထင်ထားပါလား ။ "

" မင်းကိုမဆုံးရှုံးချင်လို့လုပ်နေရတာပဲ ။ "

" ခင်ဗျားသိပ်အတ္တကြီးတယ် "

ခင်ဗျားတဲ့ ။ သေချာပါတယ်ဒီလောက်ဆိုသူကျွန်တော့်ကိုရွံသွားလောက်ပြီမလား ။

" မင်းကို ကိုယ်စဉ်းစားဖို့အချိန်တစ်ပတ်ပေးမယ် ။ မင်းကိုချစ်ရလို့လုပ်တယ်ဆိုတာ‌တော့မင်းသိထားပါ "

စာချုပ်ကိုကောက်သိမ်းကာ ထိုဆိုင်ထဲကနေကျွန်တော်ပဲဦးစွာထွက်လာခဲ့တယ် ။ ရင်ထဲ အောင့်တော့အောင့်သား...သူကျွန်တော့်ကိုကြည့်နေတဲ့မျက်လုံးတွေကိုကျွန်တော်ရင်ဆိုင်ဖို့သတ္တိမနည်းမွေးခဲ့ရတာ ။ ရင်ဆိုင်လိုက်ရတော့လည်းထိုနေရာမှာတင် ပြိုလဲမတတ် ။ ချစ်လို့လုပ်ခဲ့ရတာကိုသူသိပေးရင်တော့ကောင်းမယ် ။

-----------------
TO BE CONTINUE

ဘီဘီအခုတလော update နောက်ကျလို့တကယ်တောင်းပန်ပါတယ် ။ ဘီဘီစိတ်ပင်ပန်းစရာလေးတွေရှိနေလို့ပါရှင်....🤍 အားဆေးလေးတွေကြောင့်ဆက်ရေးနိုင်စွမ်းရှိနေတာမလို့အမြဲရှိပေးကြပါအုန်း

Thanks for reading and don't forget to vote🦋

You've reached the end of published parts.

⏰ Last updated: 17 hours ago ⏰

Add this story to your Library to get notified about new parts!

𝙻𝚘𝚟𝚎 𝚘𝚛 𝚑𝚊𝚝𝚎?Where stories live. Discover now