အဲ့နေ့ကကျွန်တော် Dance Club ကနေအမောအပန်းပြန်လာခဲ့တယ် ။ သတိထားမိလိုက်တာကတော့ကျွန်တော်တို့လမ်းထဲကိုမိသားစုလေးတစ်စုပြောင်းလာကြပြီး ပစ္စည်းတင်ကားတွေနဲ့လမ်းထဲမှာရှုပ်လို့ပေါ့။ အဲ့အချိန် Suitcase လေးတစ်လုံးကိုမနိုင်မနင်းသယ်လာတဲ့ ခေါင်းဝါလုံးလေးနဲ့အသားဖြူဖြူကောင်လေးတစ်ယောက်က ကျွန်တော့်မျက်လုံးထဲထင်းနေလျက်။
မသိလိုက်ခင်ပဲ ချွေးများသုတ်ကာထိုကောင်လေးနားခပ်သွက်သွက်သွားပြီး ကူညီပေးဖို့ Suitcase လေးကိုလှမ်းယူလိုက်မိသည်။
" ကူညီပေးပါရစေ"
" အာ ရ..ရပါတယ်"
" မဟုတ်တာ အိမ်နီးနားချင်းတွေပဲ
ကျွန်တော်ကဟိုဘက်ခြံမှာနေတာပါ"" အဲ့တာဆိုလည်းကျေးဇူးပါဗျာ"
အပြုံးသေးသေးလေးနဲ့ကျွန်တော့်ကိုကျေးဇူးတင်နေတဲ့ အကောင်ပေါက်လေးကသိပ်ချစ်ဖို့ကောင်းလှသည်။ ကျွန်တော်မသိလိုက်ခင်မှာပဲ သူတို့ပစ္စည်းတွေအကုန်ထည့်ပြီးတဲ့အထိကူညီပေးခဲ့မိသည်။
" သားလေး...နေ့လယ်ထဲက ဟိခွန်းနဲ့ပစ္စည်းတွေရွှေ့ပေးနေတာမြင်တယ်ကွယ့် ။ မုန့်လေးဘာလေး၀င်စားသွားအုန်းလေ"
အကောင်ပေါက်လေးနာမည်က ဟိခွန်း?
" ရပါတယ်ဗျာ...အိမ်နီးနားချင်း အချင်းချင်းမို့ကူညီပေးတာပါ။ နောက်လဲကူညီရမှာပဲ"
" စားသွားပါ...ဂျပန်ကနေမုန့်တွေအများကြီးသယ်လာတယ်"
ထိုအမျိုးသမီးကလည်းမုန့်စားဖို့ခေါ်နေသလို ကောင်လေးကလည်းကြိုဆိုတဲ့အကြည့်တွေနဲ့ပေါ့။ ငြင်းမရတဲ့အဆုံးသူတို့နဲ့တူတူဧည့်ခန်းထဲကဆိုဖာလေးမှာ၀င်ထိုင်မိတယ်။
" စားကွယ် အားမနာနဲ့။ အန်တီကတော့လုပ်စရာလေးတွေရှိလို့ ဟိခွန်းပဲဧည့်ခံလိုက်တော့"
" Hai"
ထိုအမျိုးသမီးဟာ မီးဖိုချောင်လို့ထင်ရတဲ့အခန်းထဲကို၀င်သွားသည်။
" မင်းနာမည်က ဟိခွန်းလား"
" ဟင့်အင်း...ဟာမာဒါအဆာဟီ။ ရင်းနှီးတဲ့လူတွေကတော့ ဆာဟီလို့ခေါ်တယ် ဟိခွန်းကအိမ်နာမည်"